လာမယ့် ၃ ပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် ထူးခြားတဲ့ စိန်ခေါ်မှု လို့ ခရစ်ဆက်တန် သုံးသပ် ထောက်ပြ
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အောက်အသင်းအဖြစ် ကစားပြီး လီဗာပူး၊ အာဆင်နယ်တို့ကို အကောင်းဆုံး တုန့်ပြန်ပြခဲ့ပေမယ့် တကယ့် စိန်ခေါ်မှုကတော့ လာမယ့် ၃ ပွဲဖြစ်ပါလိမ့်မယ်လို့ ဘီဘီစီကနေ ခရစ်ဆက်တန်က ထောက်ပြလာပါတယ်။
ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု ယူကာ ပွဲတွေကို ဦးဆောင်ကစားဖို့မှာ ရုန်းကန်နေရပြီး လာမယ့်ပွဲစဉ်တွေက အမ်မိုရင်းရဲ့ အသင်း တကယ်ပဲ တိုးတက်လာပြီလား မြင်ရစေမယ့် ပွဲတွေဖြစ်လာပါလိမ့်မယ်။
ဆက်တန် က ” ယူနိုက်တက်အတွက် လာမယ့် ၃ ပွဲ၊ ဆောက်သမ်တန်နဲ့ အိမ်ကွင်း၊ ဘရိုက်တန်၊ ရိမ်းဂျားစ်.. ဒါတွေက ပြီးခဲ့တဲ့ အမ်းမရိတ်၊ အန်းဖီးမှာ ကစားခဲ့တဲ့ ပွဲတွေနဲ့ မတူ ခြားနားတဲ့ စမ်းသပ်မှုတွေ ဖြစ်လာဦးမှာပါ။
အာဆင်နယ်၊ လီဗာပူးတို့နဲ့ ပွဲတွေမှာ ယူနိုက်တက် လုပ်ဆောင်ခဲ့တာတွေကို ကျွန်တော် နှိမ့်ချ ပြောလိုတာ မဟုတ်ပါဘူး။ အဲဒီပွဲတွေဟာ သူတို့ကို သိပ် မျှော်လင့်မထားခဲ့တဲ့ ပွဲတွေ ဖြစ်ပါတယ်။
အဝေးကွင်းပွဲတွေမှာ ဆိုရင် ယူနိုက်တက်ရဲ့ ကောင်တာ တိုက်စစ်က ကောင်းတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ စိန့်တွေကို ဧည့်ခံတယ် ဆိုတာ အခြေအနေ လုံးဝ ပြောင်းပြန်ပါ။
မန်ချက်စတာ ယူနိုက်တက် နိုင်ပွဲ ရအောင် ရှာသွားနိုင်မယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ဂိုး ပြတ်မလား သိပ် မသေချာဘူးပေါ့။
အာဆင်နယ်နဲ့ ပွဲမှာ ယူနိုက်တက်တို့ ခံစစ် ကစားသွားတာကို ကျွန်တော် သိပ်ကြိုက်ပါတယ်။ ဒါက ရူဘန် အမ်မိုရင်း မကြာခဏ ထောက်ပြခဲ့တာ ဖြစ်ပြီး သူ လိုချင်တဲ့ အတိုင်း ပြုပြင်သွားနိုင်ခဲ့တယ်။
ယူနိုက်တက်က သူတို့ လုပ်နိုင်တယ် ဆိုတာရော ကွာလတီကိုပါ ပြသနိုင်ခဲ့တယ်။ ” လို့ သုံးသပ်ထားပါတယ်။