စိန့်နဲ့ ပွဲက အောင်ပွဲခံ အပြုအမူကြောင့် ယူနိုက်တက် တိုက်စစ်မှုး ဇတ်ဇီး ပွဲပယ် ခံရဖွယ် ရှိနေ
Update: ထပ်မံ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ တိုက်စစ်မှုး ဇတ်ဇီး အရေးယူ မခံရပါဘူးတဲ့။ တော်သေးတာပေါ့ဗျာ..
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဂျိုရှာ ဇတ်ဇီးဟာ ကြာသပတေးနေ့တုန်းက အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ဆောက်သမ်တန်အား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြုမူခဲ့တဲ့ အပြုအမူအတွက် ပွဲပယ်ခံလာရနိုင်ပါတယ်။
ယူနိုက်တက်ဟာ မန်နူရယ်အူဂတ်တီရဲ့ OG ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပေမဲ့လည်း ပွဲပြီးရင် ၁၂ မိနစ်အတွင်းမှာ သွင်းယူတဲ့ အာမက်ဒီရယ်လိုရဲ့ ဟက်ထရစ်ဂိုးများကြောင့် ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
ယင်းနောက်ကျဂိုးများဖြင့် နိုင်ပွဲကြောင့် အိုးထရက်ဖို့ဒ်ကွင်းအတွင်းရှိ ယူနိုက်တက်ကစားသမားများနှင့် ပရိသတ်များ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။
ဒါပေမဲ့ ဇတ်ဇီးကတော့ ပွဲပယ်ခံလာရဖွယ် ရှိနေပါတယ်။ ဇတ်ဇီးဟာ ယင်းပွဲမှာ ပွဲချိန် ၅၃ မိနစ်မှာ တိုက်စစ်မှူးဟွိုင်းလန်းအစား လူစားဝင်ရောက် ကစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ငယ်ပါကို ကိုင်ပြီး အောင်ပွဲခံခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်တော့ ယင်းအောင်ပွဲခံမှုမျိုး အခြားကစားသမားတွေလည်း အောင်ပွဲခံခဲ့ကြဖူးပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက အင်္ဂလန်စတားဂျူ့ဘယ်လင်ဂမ်ဟာ ဆလိုဗက်ကီးယားအား အင်္ဂလန်တို့ ၂-၁ ဖြင့် အနိုင်ရတဲ့ ၁၆ သင်းရှုံ့းထွက်အဆင့်ပွဲစဉ်မှာ ယင်းသို့ အောင်ပွဲခံမှုအတွက် ပေါင် ၂၅၀၀၀ နှင့် ၁ ပွဲပယ်ခံရဖူးပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်း ၂၀၂၄ ခုနှစ်တုန်းက Al Nassr မှာ ယင်းသို့ အောင်ပွဲခံခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ အက်ဖ်အေဟာ ဇတ်ဇီးကို ပွဲပယ်လာမလားဆိုတာ အတိအကျ မသိရသေးပါဘူး။ ကစားသမားကတော့ တနင်္ဂနွေနေ့ ဘရိုက်တန်အား အဝေးကွင်းသို့ သွားရောက် ကစားရတဲ့ ပွဲမတိုင်မီ အရေးယူမခံရဖို့ မျှော်လင့်နေပါတယ်။