ဂါနာချို ကို နည်းပြ ကွန်တီက သိပ်ကို လိုချင်ပေမယ့် နာပိုလီဘက်က သဘောထားအတိုင်းပဲ ခေါ်ဖို့ ညှိမယ် ဆိုတဲ့ အားကစားဒါရိုက်တာ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ဂါနာချိုကို အရေးကြီးတဲ့ ကစားသမားအဖြစ် သတ်မှတ်ခဲ့ပေမယ့် နာပိုလီဘက်ကတော့ သူတို့ သတ်မှတ်တဲ့ ကိုယ်ပိုင် အချက်တွေနဲ့ပဲ ညှိနှိုင်း ခေါ်ယူသွားမယ်လို့ နာပိုလီ အားကစား ဒါရိုက်တာ ဂျီအိုဗန်နီ မန်နာက ပြောဆိုခဲ့ပါတယ်။

နည်းပြ ကွန်တီရဲ့အသင်းဟာ ဒီအပတ်မှာ ပီအက်စ်ဂျီကို ယူရိုသန်း ၇၀ နဲ့ ပြောင်းရွှေ့သွားတဲ့ ခဗာရက်စခီလီယာရဲ့နေရာမှာ အစားထိုးဖို့ ရှာဖွေနေတာဖြစ်ပြီး ဂါနာချိုကို အစားထိုးခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဂါနာချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ သတ်မှတ်ထားတာဖြစ်ပြီး နာပိုလီရဲ့ ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ၃၁ ပွဲမှာ ၈ ဂိုးသွင်းယူထားတဲ့ ဂါနာချိုကို ချဉ်းကပ်ခဲ့ပြီး သရဲနီကြယ်ပွင့်ကို ခေါ်ယူမယ့်ကိစ္စနဲ့ပတ်သက်ပြီး နာပိုလီ အားကစားဒါရိုက်တာကို တိုက်ရိုက်မေးမြန်းခဲ့ရာမှာ

“ကျွန်တော်တို့ အကဲဖြတ်စရာအချို့ လုပ်နေပြီး သူက အရေးကြီးတဲ့ကစားသမားဆိုပေမယ့် ကျွန်တော်တို့ ကစားသမားမဟုတ်ပါဘူး။

ပြောရရင် ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမား ထွက်ခွာသွားတာတောင်မှပဲ ကျွန်တော်တို့ကို စိတ်မလှုပ်ရှားစေပါဘူး။

နည်းပြက သူ့ကို ထိပ်တန်းကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် မျှော်မှန်းချက်တွေက မြင့်မားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နာပိုလီရဲ့ အချက်တွေ အတိုင်းပဲ တခုခု လုပ်သွားမှာပါ”လို့ ပြောဆိုခဲ့ပါတယ်။