မကြ-ားဝံ့စရာ မှတ်တမ်းတွေနဲ့ အတူ ဘရိုက်တန် ပွဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ ဘယ်လောက် ချ-ာခဲ့ကြသလဲ
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ပွဲတွေတုန်းက တစ်ယောက်ကောင်းအစွမ်းပြပြီးတော့ နိုင်ပွဲတချို့ ရယူခဲ့ပေမဲ့ အခုပွဲမှာတော့ တစ်ယောက်ကောင်းတောင် မလုပ်ပြနိုင်တော့ဘဲ အိမ်ကွင်းမှာပဲ စိတ်ပျက်စရာ ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ယူနိုက်တက်ရဲ့ကစားသမား ၁၁ ယောက်စလုံးက ကွင်းထဲမှာ သူတစ်လူ ငါတမင်းနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေကြပြီး အမော်ရင်လည်း သူ့ကစားသမားတွေကို စိတ်ပျက်လက်ပျက်နဲ့ ကွင်းဘေးနားမှာ ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။
ပွဲအစ ၅ မိနစ်မှာပဲ မင်တာ့ချ်က ဘရိုက်တန်အတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး ၂၃ မိနစ်မှာ ပယ်နယ်တီကနေ ဘရူနိုဖာနန်ဒက်စ်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
အထောင်တိုက်စစ်မှူး ဇာ့ခ်ဇီဟာ ဘောလုံးမှ သေချာကန်တတ်ရဲ့လားလို့ ထင်ရလောက်အောင် တိုက်စစ်မှူးတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေ တစ်ခုမှ မမြင်ရဘဲ ဒီလိုကစားသမားမျိုးကိုမှ ရွေးပြီးခေါ်နိုင်တဲ့ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုက တကယ်ချီးကျူးစရာပါပဲ။
လူငယ်ခြေပျက် ကိုဘီမင်နူးကတော့ ဒဏ်ရာက ပြန်လာပြီးကတည်းက အခုအချိန်အထိ အရင်လို ပုံစံကောင်း မပြနိုင်ဘဲ ရုန်းကန်နေရပြီး အူဂါတေက လုပ်အား ၂ ဆ ပိုထုတ်ရသလိုဖြစ်တာကြောင့် ဒုတိယပိုင်းဆိုရင် အူဂါတေလည်း ကစားအား ကျသွားပါတယ်။
ဒုတိယပိုင်းမိနစ် ၆၀ မှာ မင်တာ့ချ်ရဲ့ သေသပ်လှပတဲ့ ဖြတ်တင်ဘောကနေ မီတိုမာက ဒုတိယဂိုးသွင်းခဲ့ပြီး တတိယဂိုးကိုတော့ အိုနာနာ လက်ဆောင်ပေးတာကနေ ရူတာက ပိတ်သွင်းခဲ့ပါတယ်။
အခုဆိုရင် ယူနိုက်တက်အသင်းဟာ အဆင့် ၄ နေရာနဲ့ ၁၂ မှတ်အထိ ကွာဟနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက် အဆိုးရွားဆုံးရာသီနဲ့ရင်ဆိုင်ရဖို့ သေချာသလောက်ရှိနေပါပြီ။
ဒီရာသီ ပရီးမီးယားလိဂ် ၂၂ ပွဲကစားအပြီးမှာ ယူနိုက်တက်တို့ ၁၀ ပွဲမြောက်ရှုံးပွဲတွေ့ခဲ့တာကြောင့် ဖာဂူဆန်လက်ထက် ၁၉၈၉-၉၀ ရာသီနောက်ပိုင်း ရာသီဝက်ကာလမှာ ရှုံးပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အခုဆိုရင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ၆ ပွဲမြောက် ရှုံးနိမ့်ခဲ့ပြီး ၁၈၉၃-၉၄ ရာသီတုန်းက ၁၂ ပွဲကစားအပြီးမှာ ၇ ပွဲအထိရှုံးပြီးနောက်ပိုင်း နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။
ဘရိုက်တန်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့် မန်စီးတီးပြီးရင် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ပွဲဆက်အများဆုံးအနိုင်ရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။