ယူနိုက်တက်ရဲ့ ၁၄၇ နှစ်တာ သမိုင်းမှာ သူ့အသင်းက အညံ့ဆုံး အသင်းပဲ၊ အဲဒီလိုသာ ခေါင်းစဉ်တပ်ပါ လို့ အေမိုရမ် ခွင့်ပြု

မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင် အေမိုရမ်က လက်ရှိ သူ့အသင်းမှာ ကလပ်ရဲ့ ၁၄၇ နှစ်တာ သမိုင်းမှာ အဆိုးရွားဆုံး အသင်း ဖြစ်နိုင်ကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဘရိုက်တန်အား ၃-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် နောက်ဆုံးအိမ်ကွင်း ပရီးမီးယားလိဂ်ပွဲ ၅ ပွဲတွင် ၄ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အဲရစ်တန်ဟက်နေရာမှာ ရူဘင်အေမိုရမ်အား အစားထိုးခန့်အပ်ပြီးနောက် ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲမှာ ၁၁ မှတ်သာ ရယူထားနိုင်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ၁၀ မှတ်ကွာဟနေသလို အဆင့် ၁၀ နေရာမှာ ဖူလ်ဟမ်နှင့် ၇ မှတ်ကွာဟနေပါတယ်။

အေမိုရမ်က “နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၂ ပွဲတည်းပဲ နိုင်ခဲ့တယ်။ ယူနိုက်တက်ပရိသတ်တစ်ယောက်အနေနဲ့ တွေးကြည့်ပါ။ ကျွန်တော့်နေရာဝင်ပြီး တွေးကြည့်ပါ။ ကျွန်တော်တို့ဟာ ယခင် နည်းပြထက် ပိုရှုံးနေတဲ့ နည်းပြသစ်ရထားတာပါ။

ဒါကို ကျွန်တော် သေချာပေါက် သိနားလည်ပါတယ်။ မန်ချက်စတာယူနိုက်တက်သမိုင်းမှာ ကျွန်တော်တို့က အဆိုးရွားဆုံးအသင်းဖြစ်နိုင်ပါတယ်။ ခင်ဗျား(မီဒီယာတွေ) ဒီလို ခေါင်းစဉ်တင်ချင်တာ သိပါတယ်။

ဒါပေမဲ့ ကျွန်တော်ကလည်း ဒါကို ပြောင်းချင်တယ်၊ ဒါကိုလည်း နားလည်လို့ ပြောနေတာပါ။ ဒီတော့ ခင်ဗျား ဒီခေါင်းစဉ်သာ တပ်လိုက်ပါ”လို့ ပြောကြားသွားပါတယ်။

မှတ်တမ်းများအရ ယူနိုက်တက်ဟာ ယခုကဲ့သို့ အခြေအနေမျိုးတွင် အမှတ်အနည်းဆုံးရရှိခဲ့တဲ့အသင်းများထဲမှ တစ်သင်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ၁၉၈၆-၈၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရလဒ်ဆိုးရွားမှုနှင့် ကြုံနေရတာပါ။

ယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း ၁၂ ပွဲမှာ ၆ ပွဲရှုံးနိမ့်ထားပြီး ၁၈၉၃-၉၄ နောက်ဆုံးပထမဆုံးအကြိမ်အဖြစ် ကြုံနေရတာ ဖြစ်သလို ပရီးမီးယားလိဂ်အဖွင့်ပွဲ ၂၂ ပွဲမှာ ၁၀ ပွဲအထိ ရှုံးနိမ့်ထားကာ ဆာအဲလက်စ်ဖာဂူဆန် ခေတ်နောက်ပိုင်း ရှုံးပွဲနှစ်အထိ ကြုံထားရတာပါ။