ယူနိုက်တက် အသင်းတွင်း အ-က်ကြောင်း ရှိနေပြီလား၊ ရက်ဖို့ဒ်က မကစားချင်လို့ မကစားတာ လို့ အေမိုရမ် တည့် ပြော
နည်းပြ ရူဘင်အေမိုရမ်ဟာ ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်အား ဘရိုက်တန်နှင့်ပွဲတွင် ဆက်လက် ချန်လှပ် ထားမှုနှင့် ပတ်သက်ပြီး ဖြေကြားလာရာ သူ့ကြောင့် မဟုတ်ဘဲ ကစားသမား ဆန္ဒကြောင့်လို့ တည့်ပဲ ထုတ်ဖော် ပြောလာတာပါ။
အသက် ၂၇ နှစ်ရှိ ရက်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၉ ပွဲမှာ ပါဝင်ကစားခွင့်မရလာခဲ့ပါဘူး။
ဘရိုက်တန်အား ၃-၁ ဖြင့် ရှုံးနိမ့်ပြီးမှာတော့ အေမိုရမ်က “ငါ့ကောင်တွေရေ။ ဒါက သူ့ရွေးချယ်မှုပါ(မကစားဖို့)။ ကျွန်တော်တို့ ရှုံးနိမ့်ထားတော့ ဒီဆိုးရွားတဲ့အခိုက်အတန့်ကို အာရုံမစိုက်ချင်ဘူး။ ရက်ဖို့ဒ် ဒီမှာ မရှိဘူး။
အခုအချိန်မှာ ရက်ဖို့ဒ်ကိစ္စရှေ့တန်းမတင်ချင်ဘူး။ ရက်ဖို့ဒ်က မကစားချင်လို့ မကစားတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဘယ်ကစားသမားကိုမှ အပြင်သို့ တွန်းမထုတ်ပါဘူး။ ဒါကလည်း အသင်းအတွက် အကောင်းဆုံးဖြစ်တယ်လို့ မထင်ပါဘူး”လို့ ပြောကြားသွားပါတယ်။
ရက်ဖို့ဒ်ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ဗစ်တိုးရီးယားပါဇန်အား ၂-၁ ဖြင့် အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲနောက်ပိုင်းမှာ ပွဲကစားခွင်မရခဲ့သူပါ။
ယင်းကာလအတွင်းမှာ ရက်ဖို့ဒ်ဟာ အရန်အဖြစ် ၁ ပွဲတည်းသာ ပါဝင်ခွင့်ရခဲ့ပြီး ပါဝင်ကစားခွင့်မရခဲ့ပါဘူး။
သူဟာ အဲဗာတန်ကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ အေမိုရမ်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲတုန်းက ၂ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။
ယင်းနောက်မှာတော့ သူဟာ မန်ချက်စတာဒါဘီပွဲမှာ ချန်လှပ်ခံခဲ့ရပြီးနောက် စိန်ခေါ်မှုသစ်ရင်ဆိုင်ရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖို့ လုပ်ဆောင်နေပြီး ဒေါ့မွန်၊ အေစီမီလန်တို့နှင့် ဆွေးနွေးနေပါတယ်။
ဒါပေမဲ့ရက်ဖို့ဒ်မှာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေရာ အပြောင်းအရွှေ့ ဖြစ်မြောက်လာရေးခက်ခဲနေပါတယ်။