လက်ရှိ ယူနိုက်တက်က ဘာတွေ မကောင်း ဖြစ်နေသလဲ တန်းစီ ထောက်ပြသွားတဲ့ သရဲနီဟောင်း အိုဝင်ဟားဂရေ့ဗ်
ယူနိုက်တက်နဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်း အိုဝင်ဟားဂရေ့ဗ် ကတော့ လက်ရှိ နည်းပြ အမ်မိုရင်း ရဲ့ ကစားကွက်ဟာ လက်ရှိ အသင်း လူစာရင်းနဲ့ မသင့်တော်ဘူးလို့ ယူဆနေပြီး လက်ရှိ ယူနိုက်တက်မှာ ပြသနာတွေက တန်းစီ ရှိနေကြောင်း ထောက်ပြသွားပါတယ်။
ဘရိုက်တန်နဲ့ ပွဲ အပြီးမှာ အိုဝင်ဟားဂရေ့ဗ် က ” သူတို့က တော်တော် ဆိုးဆိုးပဲ.. တကယ် ပွင့်ပွင့်လင်းလင်း ပြောတာ။ ဒါမျိုး ဆောက်သမ်တန်နဲ့ ပွဲမှာလည်း မြင်ခဲ့ရတယ်။ ယူနိုက်တက် ကိုက ယှဉ်ရ သိပ်လွယ်နေတော့တာ။
ခံစစ်ပိုင်း၊ ဂိုးသမား၊ ဂိုးတွေ သွင်းဖို့က အစ ရုန်းကန်နေရတာ။ ယူနိုက်တက်မှာ ပြဿနာတွေက အများကြီးမှ အများကြီးပဲ။ ရူးလောက်ချင်စရာပဲ။
သူတို့က အစစ အရာရာ နောက်ကျနေတော့တာ။ ရူဘန် အမ်မိုရင်းကတော့ ဆောက်သမ်တန်နဲ့ ပွဲ ပြီးတုန်းက သူ့အသင်း တုန့်ပြန်မှုတွေ လုပ်နေပါပြီ ပြောခဲ့သေးတယ်။
သူတို့ ကြည့်ရတာဖြင့် ဂိုးကို သွင်းနိုင်မယ့် ပုံ မရှိတော့တာ။ ဒီညဆိုလည်း ပင်နယ်တီကနေ ဂိုးသွင်းတာ၊ ဒါပဲ။ ဘရိုက်တန်က ၃ ဂိုး သွင်းတဲ့ အပြင် များစွာသော အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။
အမ်မိုရင်း အတွက် စိုးရိမ်စရာကတော့ သူ့ ကစားပုံဟာ ကစားသမားတွေနဲ့ မကိုက်ဘူး။ ပွဲရလဒ်ကောင်းတွေ ရှာဖို့ သူ လုပ်ရမယ်။ ” လို့ အသင်းလိုအပ်ချက်တွေအား တန်းစီ ထောက်ပြ ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။