တန်းဆင်းဇုန် ယူနိုက်တက် အသင်းက ချန်ပီယံတွေ ဖြစ်တဲ့အထိ ပြန်အောင်မြင်ခဲ့ဖူးတယ်လို့ သရဲနီဟောင်းကြီး ဖော်ထုတ်
ယူနိုက်တက် နည်းပြ ရူဘင် အမ်မိုရင်းက သူကိုင်နေရတဲ့ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် သမိုင်းမှာ အဆိုးဆုံးသော အသင်း ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ၅ ကြိမ် တန်းဆင်းဖူးပြီး နောက်ဆုံး အကြိမ်က ၁၉၇၄ တုန်းက ဖြစ်ပါတယ်။ လက်ရှိရာသီမှာလည်း အခြေအနေ ဆိုးနေသည့်တိုင် တန်းဆင်းဇုန်မှာ ရောက်ရှိနေသေးတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် အမ်မိုရင်း လက်ရှိအသင်းထက် အခြေအနေဆိုးကာ တန်းဆင်းဇုန်နား အသင်းမှာ သူ ကစားခဲ့ရကြောင်း၊ အဲဒီအသင်းနဲ့ပဲ ချန်ပီယံ ဖြစ်ခဲ့ကြောင်း ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ ပယ်လစ္စတာက ပြန်ချေပလာပြီ ဖြစ်ပါတယ်။
” အခု က မန်ချက်စတာ ယူနိုက်တက် အသင်း သမိုင်းမှာ အဆိုးဆုံး အသင်း ဟုတ်လား? ကျွန်တော်တို့ ၁၉၉ဝ၊ ဧပြီလထဲ Millwall ကို သွားပြီး ပွဲကစားတာ မှတ်မိသေးတယ်။ အဲဒီပွဲ ရှုံးရင် ကျွန်တော်တို့က ဇယားအောက်ဆုံး ၃သင်းထဲ ကျပြီ။
ဒါကြောင့် တကယ်တမ်းတော့ ကျွန်တော် ကစားခဲ့တဲ့ အသင်းက လက်ရှိအသင်းထက် အများကြီး ပိုဆိုးခဲ့ပါတယ်။ အဲဒီတုန်းက ဆိုရင် စတိဗ် ဘရုစ်၊ မာ့ဟုချ်၊ ပေါအင့်စ်၊ မက်ကလဲယား၊ ဒန်နီ ဝေါလေ့စ်၊ လီရှာ့ပ်နဲ့ ကျွန်တော်တို့ ပါဝင် ကစားခဲ့တာပါ။
အဲဒီအသင်းကပဲ ၁၉၉၃ မှာ ပရီးမီးယားလိဂ် ဖလား ရခဲ့တယ်။ ဒါကြောင့် တခုခုဆို အဆုံးထိ ကျရှုံးသွားတာ မဟုတ်ပါဘူး။
တခါတလေကျ ကစားသမားကောင်းတွေ ဖြစ်သည့်တိုင် ရှိတဲ့ အစွမ်း ထုတ်ပြဖို့ ရုန်းကန်နေရတဲ့ အခိုက်အတန့်တွ ရှိပါတယ်။ ” လို့ သရဲနီ ဂန္တဝင်ကြီးက အားပေးစကား ဆိုသွားခဲ့ပါတယ်။