ယူနိုက်တက်ကို ငြင်းပယ်ပြီး တန်းတက် အစ်ဆွစ်ချ်ထံ သွားဖို့ ရွေးချယ်လိုက်တဲ့ ဂျူလီယို အန်ဆီဆို
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရိုက်တန်ကြယ်ပွင့် ဂျူလီယို အန်ဆီဆိုကို အငှားနဲ့ ခေါ်ယူဖို့ နောက်ကျ ကြိုးပမ်းမှု ပြုလုပ်ခဲ့ပေမယ့် အငြင်း ခံခဲ့ရတယ် လို့ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၆ လကြာ အနားယူခဲ့ရာကနေ ပြန်လာခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်နေရာ ပြန်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ဒီရာသီမှာ အခုအချိန်အထိ အန်ဆီဆိုက ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက် ပါဝင်ကစားခွင့် ရရှိသေးပြီး ၁၀ ပွဲကိုတော့ အရန်ခုံကနေ ဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ပါရာဂွေးကြယ်ပွင့်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး ဒီရာသီကုန်ထိ အစ်ပ်ဆွစ်ချ်တောင်းကို တန်းမဆင်းရအောင် ကူညီပေးဖို့ ဆုံးဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဂျူလီယို အန်ဆီဆို ဟာ ကွင်းလယ် တိုက်စစ်ရော တောင်ပံမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ဟာ တဖြည်းဖြည်း နှောင်းပိုင်းကာလ ချဉ်းကပ်လာပြီ ဖြစ်ပေမယ့် ယူနိုက်တက်က ကစားသမား ခေါ်ယူမှု မပြုလုပ်နိုင်သေးပါဘူး။
အရောင်း အနေနဲ့ ရှင်းထုတ်မှုလည်း မပြုလုပ်နိုင်သေးဘဲ အန်တိုနီ ကိုသာ ရီးရဲလ် ဘက်တစ်ထံ အငှား စေလွှတ်နိုင်သေးတာပါ။