ဖူလ်ဟမ် ကို မန်ချက်စတာယူနိုက်တက် ဂိုးပြတ်ရှုံးမယ် ဟောကိန်းထုတ်လိုက်တဲ့ ဆရာကြီး ပေါမာဆန်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဖူလ်ဟမ်အသင်းနဲ့ တွေ့နေပြီး လန်ဒန်သို့ အဝေးကွင်း ပွဲ သွားရောက် ရင်ဆိုင်ရမှာပါ။

ဂန်းနားဟောင်းကြီး ပေါမာဆန်က ဖူလ်ဟမ် – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် အတွက် ကြိုတင်သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲ ဖူလ်ဟမ်ပဲ နိုင်မှာ။ ကျွန်တော် ဟာသလပ်နေတာ မဟုတ်ဘူး၊ ကြားရတာ ရူးမိုက်ရာ ကျကောင်း ကျလိမ့်မယ်။ ကျွန်တော်တို့ ခေတ်မှာက ပရီးမီးယားလိဂ်ကို မန်ချက်စတာ ယူနိုက်တက်က လွှမ်းမိုးခဲ့တာလေ။ ဒါပေမယ့် အခု အသင်းကတော့ အဲဒီလို မဟုတ်ဘူး။

အမ်မိုရင်း ပြောခဲ့တာ မမှားဘူးနော်။ အခု အသင်းက အညံ့ဆုံး ယူနိုက်တက် အသင်းပဲ။ ဒါပေမယ့် သူ့ဘက်ကလည်း ပြုလွင် ပြင်လွယ် ရှိမှ ဖြစ်မယ်။

အလုပ် ဖြစ်နိုင်တဲ့ ကစားသမားတွေ မရှိဘဲ ခံစစ် ၃ ယောက်တန်းပဲ ဇွတ်မှိတ်ကစားတယ် ဆိုရင် သူလည်း ဒုက္ခရောက်မှာ။

မန်ချက်စတာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၃ မှာ ရှိနေတယ် ဆိုတာ အကြောင်းရှိလို့ပဲ ဖြစ်ပြီး ဒီပွဲလည်း ရှုံးမယ်လို့ ကျွန်တော် ထင်တယ်။

ပေါမာဆန် ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၃-၁ မန်ချက်စတာ ယူနိုက်တက်။

ပွဲကတော့ လာမယ့် တနင်္လာနေ့ မြန်မာစံတော်ချိန် နံနက် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။