အမ်မိုရင်း နေရာမှာ ဂယ်ရီနဗီး ကို မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ခန့်ဖို့ အကြံပေး တိုက်တွန်းမှု

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ နည်းပြ အမ်မိုရင်းကို ထုတ်ပယ်ပြီး သရဲနီ သွေး အပြည့် ရှိတဲ့ ဂယ်ရီနဗီးကို နည်းပြနေရာ တာဝန်ပေးသင့်ပါတယ်လို့ အင်္ဂလန် ဘောလုံးကလောင်ရှင် ဒက်စ်လိုင်းနမ်က အကြံပြုစကား ပြောဆိုလာပါတယ်။

နဗီးဟာ ၂၀၁၁ မှာ ဘောလုံးကနေ အနားယူပြီးနောက် လေးနှစ်တာမျှ ရွိုင်း ဟော့ဆန်းရဲ့ အင်္ဂလန် အသင်းမှာ နည်းပြ အဖြစ် ပါဝင်ခဲ့သလို စပိန်ကလပ် ဗလင်စီယာ အသင်းကိုလည်း နည်းပြ အဖြစ် တာဝန်ယူခဲ့ပါတယ်။

နဗီးဟာ နည်းပြဘဝ အောင်မြင်မှုမရှိခဲ့ဘဲ ဗလင်စီယာကနေ ထုတ်ပယ်ခံရပြီးတဲ့နောက် ဘောလုံးသုံးသပ်သူ အလုပ်ကိုပဲ လုပ်ကိုင်နေခဲ့ပါတယ်။

ဒက်စ်လိုင်းနမ်က အလေးအနက် ထောက်ပြမှုအဖြစ် အမ်မိုရင်းနေရာ နဗီးဖြင့် အစားထိုးဖို့ အခုလို ပြောလာခဲ့ပါတယ်။

ဒက်စ်လိုင်းနမ်က” ဂယ်ရီနဗီးက ဒီအလုပ် (ယူနိုက်တက် နည်းပြရာထူး) အတွက် အကောင်းဆုံး အသင့်တော်ဆုံး လို့ ကျွန်တော်ကတော့ ထင်တုန်းပဲ။

သူ့မှာ မန်ချက်စတာ ယူနိုက်တက် သွေး အပြည့် စီးဆင်းနေတယ်။ ကလပ်ရဲ့ လတ်တလော ကျရှုံးမှုတွေ အတွက် နက်နက်ရှိုင်းရှိုင်း နာကျင်ထိခိုက်နေတယ်။

သူက ရဲရင့် ပါဝါရှိတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။ ယူနိုက်တက် အဝတ်လဲခန်းထဲမှာ ဆို သြဇာ သက်ရောက်နိုင်ပါတယ်။ စီးပွားရေးတွက်ပဲ တွက်တဲ့ လူကြီးတွေ သေချာ စဉ်းစားကြည့်သင့်တယ်။ နဗီးကလည်း ထက်မြက်တဲ့ စီးပွားရေး သမားပဲ။

ဒီအတွေးအမြင်ကို ကျွန်တော် လွန်ခဲ့တဲ့ ၃ နှစ်တည်းက ချပြခဲ့ပါတယ်။ အခုထိလည်း နဗီးသာ အကောင်းဆုံး နည်းပြလောင်း လို့ ကျွန်တော့် စိတ်ထဲ ရှိတုန်းပဲ။ ” လို့ ၎င်းက တယ်လီဂရပ်ဖ်မှာ ထပ်မံ ရေးသား တိုက်တွန်းလာခဲ့တာပါ။