နောက်ထပ် အာဆင်နယ်အသင်းရဲ့ အကယ်ဒမီ ကြယ်ပွင့် ထူးချွန်လူငယ်လေးကို ယူနိုက်တက် ခေါ်ယူတော့မည်

မန်ချက်စတာ ယူနိုက်တက်ဟာ အာဆင်နယ်မှ နောက်ထပ် ပါရမီရှင် လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ အေဒန်ဟဲဗင်ကို ခေါ်ယူရေး အပြီးသတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အောက်တိုဘာလတုန်းက အာဆင်နယ်လူငယ်အသင်းမှ တိုက်စစ်မှူးချီဒိုအိုဘီမာတင်ကို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ရှိ တိုက်စစ်မှူးဟာ ယူနိုက်တက်နှင့်အတူ FA Youth Cup မှာ ခြေစွမ်းပြနေပါတယ်။

ယခု ယူနိုက်တက်ဟာ အာဆင်နယ်လူငယ်အသင်းမှ အသက် ၁၈ နှစ်ရှိ ဗဟိုနောက်ခံလူဟာဗင်ကို ခေါ်ယူရေး ထပ်မံ လုပ်ဆောင်နေပါတယ်။ သူဟာ ပရက်စတန်ကို အနိုင်ရတဲ့ ခါရာဘောင်ဖလားပွဲမှာ လူစားဝင်ရောက်ကစားပြီး အာဆင်နယ်စီနီယာအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရထားသူ ဖြစ်ပါတယ်။

အာဆင်နယ်ဘက်က ဟဲဗင်ကို မဆုံးရှုံးလိုပေမဲ့လည်း ကစားသမားက အာဆင်နယ်စီနီယာအသင်းမှ ခံစစ်သမားတိုင်း အကောင်းဆုံးပုံစံဖြင့် ကစားနေကြမှုနှင့်အတူ အမ်းမရိတ်တွင် အခွင့်အရေးရရှိရန် ခက်ခဲနေတာကြောင့် ယူနိုက်တက်သို့ ပြောင်းရန် ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ လူငယ်ကစားသမားခေါ်ယူအားဖြည့်မှုကို ပိုမိုအားစိုက်လုပ်ဆောင်လာတာ တွေ့ရပြီး ပါရာဂွေးယူ-၂၀ နောက်ခံလူဒီယေဂိုလီယွန်ကိုလည်း ခေါ်ယူထားပါတယ်။

ဟာဗင်ဟာ ယူနိုက်တက်သို့ ရောက်လာပါက ယူနိုက်တက်ပထမအသင်းနှင့် ချက်ချင်း ပူးပေါင်းခွင့် ရလာနိုင်သလို ယူ-၂၁ အသင်းမှာလည်း ကစားရလာနိုင်ပါတယ်။