ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြိုင်ဘက် ဖြစ်လာဖွယ် အသင်းများ
ပရီးမီးယားလိဂ် ကလပ် တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် စပါးတို့ နှစ်သင်းလုံးကလည်း ယူရိုပါလိဂ် phase အဆင့် အောင်မြင် နောက်တစ်ဆင့် ရှုံးထွက်သို့ တိုက်ရိုက် တက်ရောက်သွားပြီ ဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့ phase အဆင့် နောက်ဆုံးပွဲမှာ ယူနိုက်တက်က ရိုမေးနီးယန်း ကလပ် FCSB အသင်းကို ၂-ဝ နဲ့ နိုင်ခဲံသလို တော့တင်ဟမ် စပါး အသင်းကလည်း Elfsborg အသင်းကို ၃-ဝ နဲ့ နိုင်ခဲ့တာပါ။
နောက်တစ်ဆင့် ရှုံးထွက် အဆင့်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် စပါးတို့က ဘယ်အသင်းနဲ့ တွေ့ဆုံနိုင်မလဲ ပြိုင်ဘက်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
ယူရိုပါလိဂ် ဇယားမှာ အဆင့် ၃ နဲ့ ရပ်တည်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ညက ပွဲ အပြီးမှာ နည်းပြ အမ်မိုရင်း လက်ထက် ဥရောပ ၄ ပွဲ လုံး နိုင်ခဲ့တာ ဖြစ်သလို ပြိုင်ပွဲစုံ ၃ ပွဲ ဆက် နိုင်ခဲ့တာပါ။
၎င်းတို့ဟာ နောက်တစ်ဆင့်မှာ ရီးရဲလ် ဆိုစီဒက်၊ ဂါလာတာစာရေး၊ Alkmaar နဲ့ မစ်ဂျီလန်း အသင်းတို့ ထဲက တစ်သင်းနဲ့ တွေ့မှာပါ။
စပါးကလည်း ရှုံးထွက် အဆင့်ဆီ အဆင့် ၄ နဲ့ တိုက်ရိုက် တက်သွားတဲ့ အသင်း ဖြစ်ကာ ယူနိုက်တက်နဲ့ အဆင့် မကွာကြောင့် မန်ချက်စတာ ကလပ် လိုပဲ နောက်တစ်ဆင့်မှာ ရီးရဲလ် ဆိုစီဒက်၊ ဂါလာတာစာရေး၊ Alkmaar နဲ့ မစ်ဂျီလန်း အသင်းတို့ ထဲက တစ်သင်းနဲ့ တွေ့မှာ ဖြစ်ပါတယ်။