လုခ်ရှော ကစားနိုင်တော့မည်၊ ပြန်မလာတော့မယ့် ရက်ဖို့ဒ်၊ နွေ အရောင်းပလန်၊ မာသီတဲလ် ကိစ္စ ငြင်းချက်နဲ့ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ

မန်ယူ နောက်ခံလူ လုခ်ရှော ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ပြန်လည်ကစားနိုင်ရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူဟာ ဒဏ်ရာထပ်မံ ရရှိပြီးနောက် ပြန် ကစားရေးအား အလျှင်စလို မလုပ်ဆောင်ဘဲ သတိကြီးကြီးနဲ့ ချဉ်းကပ်နေပါတယ်။

အက်စ်တွန်ဗီလာအသင်းထံ အငှားနဲ့ ထွက်ခွါသွားခဲ့တဲ့ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းဟောင်းထံ ပြန်လည် လာရောက် ကစားဖို့ အစီအစဉ်မရှိတော့ကြောင်း သိရပါတယ်။

လက်ရှိ နည်းပြ အမိုရင်နဲ့ အတော်လေး ဆက်ဆံရေး အေးစက်သွားခဲ့ပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဗီလာအသင်းထံ အငှားထွက်ခွါသွားခဲ့ပြီ ဖြစ်ပြီး အပြီးသတ် ပြောင်းရွှေ့ခွင့်ပါ ထည့်သွင်းချုပ်ဆိုသွားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နွေရာသီတွင် အသင်းကို အကြီးအကျယ် ပြောင်းလဲပစ်ရေး ဘဏ္ဍာရေးလိုအပ်ချက် ရှိနေမှုနှင့်အတူ ငွေဖြည့်တင်းရန် အသင်းရှိ စတားများကို ရောင်းချလာရပါမယ်။

အထူးသဖြင့် ယူနိုက်တက်ဟာ ပါရမီရှင်ကစားသမားများဖြစ်ကြတဲ့ ဂါနာချိုနှင့် ကိုဘီမိုင်နူးတို့အား မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းချရန် မျှော်လင့်နေပါတယ်။

စပါးစ်နည်းပြ ပိုစတီကိုဂလူက မာသီတဲလ်မှာ ယူနိုက်တက်နဲ့ အာဆင်နယ်ကိုသာ လိုလားပြီး မြောက်လန်ဒန်ကလပ်သို့ မပြောင်းမီ စပါးအသင်းထံ ပြောင်းရန် ငြင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ မှားကြေငာ်း ငြင်းဆိုလာပါတယ်။