ဒီည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – လက်စတာ FA ပွဲက ဘယ်လိုရလဒ်ထွက်မလဲ ခရစ်ဆက်တန် ဟောကိန်းထုတ်

ဒီည အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဟာ လက်စတာ စီးတီး အသင်းနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က ယူနိုက်တက် – လက်စတာတို့ အက်ဖ်အေ ပွဲကနေ ဘယ်လို ရလဒ်ထွက်လာမလဲ ဆိုတာ သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ရုဒ် ဗန် နစ္စတယ်ရွိုင်းနဲ့ ဒီအသင်းတွေနဲ့ကတော့ ဇာတ်လမ်းပါပဲ။ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ အက်ဖ်အေဖလား အောင်မြင်ခဲ့ဖူးတဲ့ တိုက်စစ်မှုးဟောင်းဟာ လက်စတာ အသင်းနဲ့ အတူ အိုးထရက်ဖို့ဒ် ပြန်လာမယ့် ပွဲ ဖြစ်ပါတယ်။

သူ ယူနိုက်တက်မှာ ယာယီ နည်းပြ အဖြစ် တာဝန်ယူတုန်းက လက်စတာနဲ့ နှစ်ကြိမ်တွေ့ခဲ့ပြီး ဒီတကြိမ်မှာတော့ မတူညီတဲ့ ရလဒ်ကို သူလည်း လိုချင်မှာပါ။

လက်စတာက လောလောဆယ် ရုန်းကန်နေရပြီး မန်ချက်စတာ ယူနိုက်တက် အတွက်ကလည်း ဒီပွဲက လွယ်ကူ ရိုးရှင်းမှာတော့ မဟုတ်ဘူး။

ယူနိုက်တက်က ဒီရာသီ ပရီးမီးယားလိဂ်မှာ အံ့ဖွယ် ရလဒ်တွေ တောက်လျောက် ထွက်ပေါ်နေပြီး သေချာတာ တစ်ခုက အဲဒီပွဲတွေမှာ သူတို့ ညံ့နေခဲ့တာပါပဲ။

ဒီပွဲ ခန့်မှန်းဖို့ ကျွန်တော့်မှာ ယုံကြည်ချက် အပြည့်တော့ မရှိဘူး။ ဒါပေမယ့် လတ်တလော လက်စတာ ကျဆင်းနေပုံ အရရော၊ အဲဗာတန်နဲ့ တွေ့တုန်းက ဂိုးပြတ် ရှုံးထားတာရောကြောင့် လက်ရှိ အက်ဖ်အေ ချန်ပီယံ ယူနိုက်တက်က ဒီပွဲ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ဖို့ နည်းလမ်း ရှာတွေ့သွားမယ် ထင်ပါတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ လက်စတာစီးတီး ဖြစ်ပါတယ်။

ပွဲကတော့ အိုးထရက်ဖို့ဒ်မှာ ဒီည / စနေနေ့ နံနက် မြန်မာစံတော်ချိန် ၂း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။