ရက်ဖို့ဒ်နဲ့ သူက ဘောလုံးအပေါ် အမြင်ချင်း မတူလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း အေမိုရမ် ပြောကြား

မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်က မားကပ်စ်ရက်ဖို့ဒ်မှာ မိမိနှင့် ဘောလုံးအပေါ် အမြင်ချင်း မတူညီမှုကြောင့် ယူနိုက်တက်မှ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ပြောကြားလာပါတယ်။

တနင်္ဂနွေနေ့တွင် အသက် ၂၇ နှစ်ရှိ ရက်ဖို့ဒ်ဟာ ဒီဇင်ဘာလကတည်းက ယူနိုက်တက်မှာ ကစားခွင့်မရတဲ့နောက် ဗီလာသို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းခဲ့ပါတယ်။

ဗီလာဟာ ရက်ဖို့ဒ်ရဲ့ အငှားစာချုပ်တွင် ပေါင်သန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

အေမိုရမ်က “ဘောလုံးအပေါ် ကျွန်တော် မြင်သလို ရက်ဖို့ဒ်ကို မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ လေ့ကျင့်ရေးစနစ်အပေါ်မှာလည်း သူက ကျွန်တော် မြင်သလို မမြင်ဘူး။

တခါတလေ ကစားသမားတစ်ဦးက နည်းပြတစ်ဦးနဲ့ အရမ်းကောင်းတယ်။ ဒီကစားသမားဘဲ အခြားနည်းပြတစ်ဦးနဲ့ဆိုရင် ကွဲပြားနေတတ်တယ်။ ရက်ဖို့ဒ်နဲ့ အူနိုင်းအမ်မရီအတွက် အကောင်းဆုံးဖြစ်လာစေဖို့ ဆုတောင်းပါတယ်။ သူက အရမ်းကောင်းတဲ့ ကစားသမားဖြစ်လို့ ချိတ်ဆက်နိုင်မှာပါ”လို့ ပြောကြားသွားပါတယ်။

သူ့ရဲ့ စိတ်ကူးစိတ်သန်းများကို ရက်ဖို့ဒ်က ဘယ်လို သဘောမတူညီသလဲလို့ မေးမြန်းလာချိန်မှာ အေမိုရမ်က “တခါတလေ နည်းပြတစ်ဦးလိုရော ကစားသမားတစ်ဦးလိုရော ခံစားပါတယ်။ ဒါက သာမန်ပါ။

နည်းပြအမြောက်အမြားလည်း ဒီလို ဖြစ်နေတာပါ။ အရေးအကြီးဆုံးက ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ဆိုတာပါ။ တိုင်ရဲလ် (မာလာစီယာ)၊ အန်တိုနီတို့ကိုလည်း ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ အငှားချလိုက်တာပါ။ တချို့ ကစားသမားတွေကို ထိန်းထားတာလည်း ကျွန်တော့်ဆုံးဖြတ်ချက်ပါ”လို့ ပြောကြားသွားပါတယ်။

အိုးထရက်ဖို့ဒ်သို့ ရက်ဖို့ဒ် ပြန်လာနိုင်သလားလို့ မေးမြန်းလာချိန်မှာတော့ အေမိုရမ်က ယူနိုက်တက်တစ်သင်းလုံးမှာ အနာဂတ်အတွက် တိုက်ပွဲဝင်နေရကြောင်း ပြောကြားလာပါတယ်။