ယူနိုက်တက်နဲ့ စီးတီးတို့သာ အသင်းကြီးထဲ ကျန်တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲ ပဉ္စမအဆင့် မဲခွဲအဆင့် ရလဒ်များ

ဒီရာသီ အက်ဖ်အေဖလား ပြိုင်ပွဲ ရဲ့ ပဉ္စမအဆင့် မဲခွဲအဆင့် ရလဒ်များ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ပရီးမီးယားလိဂ် အသင်းကြီး တော်တော်များများ ပြုတ် ကျန်ရစ်ပြီ ဖြစ်ပြီး ကြီး ၆ ကြီးထဲမှာ မန်ချက်စတာ နှစ်သင်းသာ ကျန်ရှိတာပါ။

လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ကတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

လီဗာပူးကို ဖြုတ်ချလာတဲ့ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းကတော့ မန်စီးတီးနဲ့ တွေ့နေပြီး အီတီဟက်သို့ သွားရောက် ရင်ဆိုင်ရမှာပါ။

အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲရလဒ် အပြည့်အစုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်ယူနိုက်တက် နဲ့ ဖူလ်ဟမ်
မန်စီးတီး နဲ့ ပလိုင်းမောက်
နယူးကာဆယ် နဲ့ ဘရိုက်တန်
ဘုန်းမောက် နဲ့ ဝုလ်ဗ်
ခရစ္စတယ်ပဲလေ့စ် နဲ့ မီဝေါလ်
ဗီလာ နဲ့ ကာဒစ်ဖ်
ပရက်စတန် နဲ့ ဘန်လေ
အိတ်စတာ/နော်တင်ဟမ် နဲ့ အစ်ဝစ်ချ်

အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေဟာ မတ်လ ၁၊ ၂ ရက်နေ့တွေမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဖိုင်နယ် ဗိုလ်လုပွဲ ကတော့ မေ ၁၇ ရက်နေ့မှ ဝင်ဘာလေမှာ ကန်ရမှာပါ။