ဆန်ချို နဲ့ ရက်ဖို့ဒ် ပလူးနေကြလို့ အမျ-က်ထွက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသ-တ်များ
ဂျေဒန် ဆန်ချို ကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ လွင့်လာရတာချင်း ဘဝတူ ဖြစ်သွားတဲ့ အင်္ဂလန် တိုက်စစ်သမား မားကပ် ရက်ဖို့ဒ်ကို လူမှုကွန်ယက်ကနေ အားပေးနှစ်သိမ့်မှု ပြုခဲ့ရာမှာ ယူနိုက်တက် ပရိသတ်တွေကတော့ အမျက်ထွက်နေကြပါတယ်။
ယူနိုက်တက်မှာ နည်းပြ အမ်မိုရင်း ရောက်လာပြီးနောက် ပွဲထွက်နေရာ မရတော့တဲ့ ရက်ဖို့ဒ်ဟာ ဇန်နဝါရီလမှာတော့ အက်စတွန်ဗီလာ အသင်းထံ အငှားထွက် ကစားလာခဲ့ရတာပါ။
ရက်ဖို့ဒ် မတိုင်ခင်မှာ ယူနိုက်တက်ကနေ ချယ်ဆီးထံ အငှား ထွက်ကစားနေခဲ့တဲ့ တိုက်စစ်သမား ဂျေဒန် ဆန်ချို ကတော့ ဘဝတူ၊ ခံစားချက်တူသွားပြီ ဖြစ်တဲ့ ရက်ဖို့ဒ်အား လူမှုကွန်ယက်ကနေ စကားတခွန်းနဲ့ နှစ်သိမ့်ခဲ့တာပါ။
ရက်ဖို့ဒ် က ပုံတွေကို အင်စတာဂရမ်မှာ တင်ထားရာမှာ ဆန်ချို က ‘လွတ်လပ်ပြီ’ လို့ ‘Freedom’ ဆိုတဲ့ စာသားနဲ့ အတူ လက်ဝါးချင်း ရိုက်နေတဲ့ emoji ပါ ထည့် ရေးကာ comment ပေးခဲ့တာပါ။
အပယ်ခံ ယူနိုက်တက် အသင်းသား နှစ်ယောက်ရဲ့ အပြုအမူတွေကို သရဲနီပရိသတ်တွေကတော့ လက်မခံနိုင်ဘဲ အမျက်ထွက် ဒေါကန်နေကြပါတယ်။
ပရိသတ် တစ်ဦးက ” ယူနိုက်တက် အတွက် မလုပ်နိုင်ပေမယ့် ဗီလာမှာကျ မင်းက လုပ်နိုင်တယ်ပေါ့။ အမြန်ဆုံး အသင်းက ထွက်သွားစမ်းပါ။ ” လို့ ပြင်းပြင်းထန်ထန် ဆိုခခဲ့ပါတယ်။
တစ်ယောက်ကလည်း ” ဘယ်လောက်ဂျင်းတဲ့ ကောင်တွေလဲကွာ။ ” လို့ ခပ်တိုတို ဆိုခဲ့သလို နောက် တစ်ယောက်ကလည်း ‘Bad attitude = freedom’ လို့ ဆန်ချို့ မှတ်ချက်ကို ထပ်မံ ဖွင့်ဆိုလိုက်ပါတယ်။
ဆန်ချို ရော ရက်ဖို့ဒ်ရော နှစ်ယောက်စလုံးဟာ ယူနိုက်တက်နဲ့ စာချုပ်ရှိနေသေးတဲ့ ကစားသမားတွေ ဖြစ်နေကြပါသေးတယ်။