တစ်ပတ် လုပ်ခ ပေါင် ၃သိန်း တော်တော် ကျော် ပေးနေရတဲ့ အသင်းသားကို ယူနိုက်တက် ရှင်းထုတ်ဖို့ စကားပြောနေ

ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်က ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ပိတ်သိမ်းသွားပြီ ဆိုပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ အသင်းရဲ့ လစာအမြင့်ဆုံး ကစားသမားတွေထဲ ပါဝင်သူ တစ်ဦးကို ရှင်းထုတ်ဖို့ ဆွေးနွေးနေပါတယ်။

ဥရောပ ထိပ်သီးလိဂ်တွေ အားလုံးကတော့ ဖေဖော်ဝါရီ ၃ ရက်နေ့က အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းသွားပြီ ဖြစ်ပေမယ့် အခြားသောလိဂ်တွေကတော့ ဈေးကွက် မပိတ်သေးပါဘူး။ ဒါကြောင့် ယူနိုက်တက်က လှုပ်ရှားခွင့် ရှိနေပါသေးတယ်။

ဇန်နဝါရီ ဈေးကွက်မှာ ယူနိုက်တက်က မားကပ် ရက်ဖို့ဒ်နဲ့ အန်တိုနီ တို့လို လစာမြင့် ကစားသမားတွေအား အငှားနဲ့ ရှင်းထုတ်ကာ လစာဝန်ထုပ်ကို လျှော့ချခဲ့ပါတယ်။ အခုလည်း တတိယ တစ်ယောက် အဖြစ် ကာဆီမီရို ကို ရှင်းထုတ်ဖို့ စီစဉ်နေပါပြီ။

ဘရာဇီးကလပ် ဖလာမင်ဂို နည်းပြ ဖိလစ်ပီ လူးဝစ်ကတော့ ကာဆီမီရို ကို ဘရာဇီး ဈေးကွက် ပိတ်မယ့် ဖေဖေ်ာဝါရီ ၂၈ ရက်နေ့ မတိုင်ခင် အမှီ ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

ယူနိုက်တက် နည်းပြ အမ်မိုရင်းဟာ နောက်ဆုံး ၅ ပွဲမှာ ကာဆီမီရို ကို မိနစ် ၂ဝ လောက်သာ ထည့်သုံးထားပါတယ်။

ဘရာဇီးသားက ပရီးမီးယားလိဂ်မှာတောင် လစာ အမြင့်ဆုံး ကစားသမားတွေထဲ ပါဝင်ပြီး တစ်ပတ် လုပ်ခ ပေါင် ၃၇၅ဝဝဝ ထိ ရရှိနေတာပါ။

အသက် ၃၂ နှစ် အရွယ် ကစားသမား အတွက် လစာ စရိတ်က ဖလာမင်ဂို အတွက်လည်း များလွန်းနေတာကြောင့် ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲပါ။