နည်းပြ အမိုရင် က မန်ချက်စတာ ယူနိုက်တက်ရဲ့ ရွှေရောင်စည်းမျဉ်း ချိုးဖောက်ခဲ့ပြီ လို့ ထောက်ပြလိုက်သူ

နည်းပြ ရူဘင် အမိုရင်ဟာ ယူနိုက်တက် ကစားသမားတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ရွှေရောင်စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ ကင်းထောက်ချုပ်ဟောင်းက ပြောဆိုခဲ့ပါတယ်။

မစ်ခ် ဘရောင်းက မန်ယူနိုက်တက်ရဲ့ အအောင်မြင်ဆုံး အချိန်ကာလမှာ ဆယ်စုနှစ်တခုကျော် ကင်းထောက်ချုပ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

အမ်မိုရင်းဟာ နည်းပြ တစ်ဦးအနေနဲ့ ကစားသမားတွေကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ပြောဆိုတာတွေ မလုပ်သင့်ဘူးလို့ မစ်ခ် ဘရောင်းက လတ်တလော အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ကစားသမားတွေဟာ စိတ်ဓာတ်ပိုင်း ပျက်ပြားပြီး အမိုရင်ရဲ့ အသင်းအပေါ်မှာလည်း ယုံကြည်မှု ကင်းမဲ့လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒီသတိပေးစကားဟာ ရူဘင် အမိုရင်က လက်ရှိ မန်ယူနိုက်တက်အသင်းဟာ သမိုင်းတလျှောက် အဆိုးရွားဆုံးအသင်းလို့ သတ်မှတ်ခဲ့ပြီး တန်ဟက်နဲ့ နစ္စတယ်ရွိုင်းတို့က ဒီအသင်းကို လေ့ကျင့်ပေးရာမှာ သူ့ထက် ပိုကောင်းမွန်တယ်လို့ ပြောဆိုခဲ့ပြီးနာက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အမိုရင်ရဲ့ လူသိရှင်ကြား ပြစ်တင်ဝေဖန်ပြောဆိုမှုဟာ အိုးထရက်ဖို့က ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ ကစားသမားတွေအပေါ် ဖိအားတွေသာ ပိုမို များပြားလာစေခဲ့တာဖြစ်ပါတယ်။

ကင်းထောက်ချုပ်ဟောင်းက ကစားသမားတွေအနေနဲ့ နည်းပြ ကစားချင်တဲ့ ကစားကွက်နဲ့ အသားမကျဘူးဆိုရင် အမိုရင်ရဲ့ ကစားဟန်ကို ပြောင်းလဲတာက ပိုကောင်းလိမ့်မယ်လို့လည်း အကြံပေးခဲ့ပါတယ်။

ကင်းထောက်ချုပ်ဟောင်း နစ်ခ် ဘရောင်းဟာ မန်ချက်စတာယူနိုက်တကိမှာ ရွန် အက်ကင်ဆန်၊ ဖာဂူဆန်တို့အပါအဝင် ထိပ်တန်းနည်းပြ အများအပြားနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ပြီး အမိုရင်က သူ့ရဲ့ နည်းပြတဲ့ပုံစံက နုံအတဲ့အကြောင်း ပြသနေတာဖြစ်တယ်လို့ ပြစ်တင်ခဲ့ပါတယ်။

“ဒီစကားတွေကြောင့် ဘယ်သူမှ အကူအညီဖြစ်မယ်လို့ မထင်ပါဘူး။ သူက အသင်းကို အုပ်ချုပ်တဲ့အပိုင်းမှာ နည်းနည်းနုံအတယ်လို့ပဲ ထင်တယ်။ ရွှေရောင်စည်းမျဉ်းက ကစားသမားတွေကို ဘယ်တော့မှ လူသိရှင်ကြား အပြစ်မတင်ရဘူး။ ပရိသတ်တွေကို အပြစ်မတင်ရဘူး။ ဒါပေမယ့် သူက အဲဒီစည်းမျဉ်းစာအုပ်ကို လွှင့်ပစ်ခဲ့တဲ့ပုံပဲ”လို့ ျပြာဆိုခဲ့ပါတယ်။