ယူနိုက်တက်နဲ့ တခြား EPL ကလပ်တွေ မချောင်ပေမယ့် စီးတီးပွဲချောင်နေလို့ FA ဖလားမဲခွဲမှု ဝေဖန်ခံနေရ

FA ဖလား ပဉ္စမအဆင့်အတွက် ပွဲစဉ်တွေ ထွက်ပေါ်လာပြီး ပရိသတ်တွေကတော့ ပွဲစဉ်ဇယားအပေါ် မကျေမနပ်ဖြစ်နေကြပါတယ်။

စတုတ္ထအဆင့်ပွဲတွေမှာ ဒိုင်လူကြီးတွေရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေကြောင့် ဝေဖန်မှုထွက်ပေါ်ခဲ့ပြီး အခု ပဉ္စမ အဆင့်ပွဲစဉ်ဇယား ထွက်ပေါ်လာပြီးတဲ့နောက် ပရိသတ်တွေက လုပ်ပွဲဖန်တီးတယ်လို့ စွပ်စွဲနေတာဖြစ်ပါတယ်။

စတုတ္ထအဆင့်ပွဲတွေမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါးအသင်းတို့ ပြုတ်ခဲ့ပြီး လိဂ်ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းက လီဗာပူးလ်ကို အံ့အားသင့်စရာ အနိုင်ယူပြီးတော့ ပဉ္စမအဆင့် တက်ခဲ့ပါတယ်။

ပဉ္စမအဆင့်ပွဲတွေမှာ လက်ရှိချ န်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းက ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ လက်ခံ ကစားရမှာဖြစ်ပြီး လီဗာပူးလ်ကို ဖြုတ်ချခဲ့တဲ့ ပလိုင်းမောက်အသင်းက ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းပဲဖြစ်တဲ့ မန်စီးတီးနဲ့ အစ်တီဟတ်မှာ ဆုံတွေ့ရတော့မှာပါ။

မန်စီးတီးနဲ့ပလိုင်းမောက်တို့ ဆုံတွေ့တဲ့အပေါ် ပရိသတ်တွေက သံသယဖြစ်နေပြီး မန်စီးတီး ပွဲချောင်အောင် ဖန်တီးခဲ့တာလို့ စွပ်စွဲနေကြပါတယ်။

အွန်လိုင်းမှာ ပရိသတ်တွေက ‘မန်စီးတီးက ပလိုင်းမောက်နဲ့တွေ့ရမှာလား . . .FA ဖလားကတော့ ကလိမ်ကကျစ်လုပ်ပြီနဲ့တူတယ်’၊ ‘မန်စီးတီး ပွဲချောင်အောင် ဖန်တီးလိုက်ပြီ’၊ ‘ပလိုင်းမောက်ကို မန်စီးတီးက အိမ်ကွင်းမှာ လက်ခံကစားရမှာဆိုတော့ ဒါက လုပ်ပွဲကြီးဆိုတာ အရမ်းသိသာလွန်းတယ်’ဆိုပြီး ဝေဖန်ရေးသားခဲ့ပါတယ်။

တခြားပွဲတွေမှာတော့ အက်စတွန်ဗီလာနဲ့ကာဒစ်ဖ်၊ နယူးကာဆယ်နဲ့ဘရိုက်တန်၊ ဘုန်းမောက်နဲ့ဝုလ်ဗ်၊ ပရက်စတန်နဲ့ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ်နဲ့မီဝေါလ်၊ အက်စတာစီးတီး/နော်တင်ဟမ်ဖော်ရက်စ်ပွဲက အနိုင်ရတဲ့အသင်းက အစ်ဆွစ်ချ်တောင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။