Injury: စပါးနဲ့ ပွဲ မတိုင်ခင် ထရိန်နင်မှာ ယူနိုက်တက် အသင်းသား ၃ ဦး ဒဏ်ရာ ရရှိ၊ မိုင်နူးက နှစ်ပတ် ကြာမည်
February 15, 2025 | | No Comments
တနင်္ဂနွေနေ့ စပါးနဲ့ ပွဲမတိုင်ခင် မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမား ၃ ဦး တပြိုက်နက်တည်းလိုလို ဒဏ်ရာ ရသွားတဲ့ သတင်းဆိုး ရရှိသွားပါတယ်။
ယူနိုက်တက်ရဲ့ ကိုဘေး မိုင်နူး၊ အူဂါတီနဲ့ တိုဘီ ကိုလေယာ တို့ ၃ ဦးစလုံး ဒီတစ်ပတ်လေ့ကျင့်ရေးတွင် ဒဏ်ရာများ ကိုယ်စီ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မိုင်နူး ဒဏ်ရာက အနည်းဆုံး သီတင်းပတ် နှစ်ပတ်လောက် နားရမှာ ဖြစ်တာကြောင့် မနက်ဖြန်ည စပါးနဲ့ ပွဲကို သေချာပေါက် လွဲချော်မှာဖြစ်ပါတယ်။
ကျန်တဲ့ နှစ်ယောက် ဖြစ်တဲ့ အူဂါနီ နဲ့ ကိုလေယာ ကတော့ တော့တင်ဟမ်စပါးနဲ့ ပွဲမှာ ပါဝင် ကစားနိုင်မလား မသေချာဘဲ စောင့်ကြည့် မျှော်လင့်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မနက်ဖြန်ည လန်ဒန်သို့ သွားရောက်ပြီး စပါးအသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။