မျှော်လင့်နေတဲ့ အန်တိုနီ၊ အာမက်ရဲ့ သတင်းစကား၊ ဝန်ထမ်း ၂ဝဝ ကိစ္စ၊ အကယ်ဒမီလူငယ်လေး ၅ ဦးနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းထူးများ

အန်တိုနီရဲ့ အေးဂျင့် ဖြစ်သူကတော့ မန်ချက်စတာယူနိုက်တက်က တောင်ပံကစားသမားရဲ့ အနာဂတ်ဟာ တံခါးဖွင့်ထားဆဲဖြစ်ပြီး သူ့ရဲ့ ကစားသမားက နည်းပြ အမိုရင်အပေါ်မှာ လေးစားမှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နည်းပြရူဘင်အေမိုရမ်က ကစားသမားများမှာ အိုးထရက်ဖို့ဒ်တွင် ဝန်ထမ်းရာချီ ထုတ်ပယ်ကာ အသုံးစရိတ်လျှော့ချမှုအား မျက်ကွယ်မပြုနိုင်ကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ အသုံးစရိတ်လျှော့ချတဲ့အနေဖြင့် ဌာနတိုင်းမှ ဝန်ထမ်း ၂၀၀ အထိ လျှော့လာမှာ ဖြစ်သလို လန်ဒန်ရှိ ရုံးခန်းကိုလည်း ပိတ်ပစ်လာပါမယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းက အသင်းမှာ ကစားသမား ၈ ယောက်ထိ ဒဏ်ရာရနေတာကြောင့် တနင်္ဂနွေနေ့ တော့တင်ဟမ်နဲ့ ပွဲအတွက် လူစာရင်းအတွက် အကယ်ဒမီမှ လူငယ်ကစားသမားလေး ၅ ဦးကို ခေါ်ယူလိုက်ပါတယ်။

အာမက် ဒီရယ်လိုက ဒီရာသီ လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်တော့မယ့် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီးနောက် အလွန်အမင်း စိတ်ပျက်မိခဲ့တယ်လို့ ပရိသတ်တွေကို သတင်းစကားပါးခဲ့ပါတယ်။

“အခုလိုမျိုး ရာသီရဲ့ အရေးအကြီးဆုံးအချိန်မျိုးမှာ ဒီစာကို ရေးရတာ အလွန်အမင်း စိတ်ပျက်မိပါတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်တော် ဒဏ်ရာကြောင့် အချိန်ကာလတခုအထိ အနားယူရတော့မှာပါ။ အရင်ကထက် ပိုအားကောင်းတဲ့ပုံစံနဲ့ ပြန်လာမှာပါ။ အသင်းဖော်တွေကို အပြင်ကနေ အားပေးရမယ့်အချိန်ပါ။ ပြန်ကစားပေးဖို့ အတွက် ပြင်ဆင်နေတုန်းပါ။”လို့ လူမှုကွန်ယက်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။

အာမက် မပါဝင်နိုင်မှုကြောင့် တိုက်စစ် တောင်ပံနေရာအတွက် ရွေးချယ်စရာ မရှိသလောက်နည်းပါးသွားပြီဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကလည်း ပြီးခဲ့တဲ့လမှာ အငှားနဲ့ ထွက်ခွာသွားတာဖြစ်ပါတယ်။