အမ်မိုရင်းကြောင့် အရင် နည်းပြ တန်ဟက်နဲ့ အငှားထုတ်ခံ အန်တိုနီကိုတောင် ယူနိုက်တက် ပရိသ-တ်တွေ ပြန်တမ်းတလာနေ
မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်လာအောင် ဦးဆောင်ပေးနေတဲ့ နည်းပြအမ်မိုရင်းကို စိတ်ပျက်လာနေတာကြောင့် နည်းပြဟောင်း တန်ဟက်ကို ပြန်ခေါ်တာကမှ ကောင်းဦးမယ်လို့ ဖော်ပြလာနေပါတယ်။
နယ်သာလန်သား နည်းပြ တန်ဟက် ဟာ ယူနိုက်တက်မှာ ရလဒ်တွေ ဆိုးနေတာကြောင့် ရာသီဝက်မှာတင် ထုတ်ပယ်ခံခဲ့ရတာပါ။
သူ့နေရာမှာ အစားဝင်လာတဲ့ အမ်မိုရင်းဟာ ခံစစ် ၃ ယောက်တန်းကို ချက်ချင်း ပြောင်းလဲစေခြင်းက ယူနိုက်တက်ရဲ့ စုဖွဲ့မှုကို ပြိုကွဲလာစေတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ်တူဂီသား လက်ထက်မှာ တိုက်စစ်မှူး ရက်ဖို့ဒ်နဲ့ အန်တိုနီတို့ကို ရှင်းထုတ်ခဲ့ပြီး အားနည်းနေတဲ့ ဘယ်အစွန်နေရာအတွက်ပဲ ဒိုကူကို ပြန်ခေါ်ယူခဲ့ပါတယ်။
လက်ရှိမှာ အန်တိုနီကလည်း လာလီဂါရဲ့ ရပ်တန့်မရတဲ့ တောင်ပံသမားအဖြစ် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတာမို့ သူ့ကို ရာသီကုန်ရင် ပြန်လည် ခေါ်ယူဖို့လည်း တောင်းဆိုလာနေကြပါတယ်။
အန်တိုနီရဲ့ အေးဂျင့်ကတော့ ဘက်တစ်ဟာ အငှားခေါ်ခဲ့ပေမယ့် ရာသီကုန်ရင် အပြီးသတ် ခေါ်ယူခွင့် မပါခဲ့ဘူးလို့ ပြောပါတယ်။ အန်တိုနီရဲ့ အနာဂတ်ဟာ ယူနိုက်တက်နဲ့ ကစားသမားတို့ကြား ဆွေးနွေးမှုအပေါ် မူတည်နေမှာ ဖြစ်ပါတယ်။
အမ်မိုရင်းကတော့ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်ခံရမှုတွေအား အသင်းမှာ ဆက်ရှိ၊ မရှိဆိုတဲ့ ကိစ္စထက် ယူနိုက်တက် တန်းဆင်းဇုန်းနဲ့ပိုကပ်လာတာကို ပိုစိတ်ပူတယ်လို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။