မန်ယူရော စပါးအသင်းပါ ပြန် တည်ဆောက်ဖို့ လိုအပ်နေပြီ လို့ အာဆင်ဝင်းဂါးကြီး ထောက်ပြ
မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတဲ့ အသင်းတွေ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက အကြံပြုပါတယ်။
ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စပါးရဲ့ လန်ဒန်ကွင်းမှာ ထိပ်တိုက်တွေ့ခဲ့ပြီး အိမ်ရှင် စပါးက ယူနိုက်တက်ကို ၁-ဝ နဲ့ ကပ်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ်အဖြစ် တာဝန်ယူနေတဲ့ အာဆင်ဝင်းဂါးက မန်ယူနဲ့ စပါးအသင်းတို့ တဂိုးစီ သရေကျတဲ့ ပွဲစဉ်ကို ရုပ်သံကနေ သုံးသပ် တင်ဆက်ခဲ့တာပါ။
မန်ယူနဲ့ စပါးအသင်းတို့ဟာ ငွေကြေး ဘီလီယံချီပြီး သုံးစွဲထားကြတဲ့အသင်းတွေ ဖြစ်ပေမဲ့ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေက ကြိုက်နှစ်သက်ကြမှာ မဟုတ်ကြောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။
နှစ်သင်းစလုံးမှာ တူညီတဲ့ပြဿနာရှိနေပြီး ကစားသမားကောင်းတွေ ရှာဖွေကာ အသင်းကို ပြုပြင် တည်ဆောက်သွားဖို့ လိုအပ်နေကြောင်း အာဆင်ဝင်းဂါးက တိုက်တွန်းခဲ့တာပါ။
ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ မန်ယူအသင်းက ငွေကြေးအများဆုံး အသုံးပြုခဲ့ပြီး စပါးအသင်းက ငွေသုံးအများဆုံးစာရင်း အဆင့် ၃ မှာ ရပ်တည်နေပါတယ်။