ရွိုင်ကိန်း၊ ပေါစခိုးလ်၊ ဖာဒီနန်၊ နဗီး တို့ အားလုံး နည်းပြ အမ်မိုရင်းကို စိတ်ပျ-က်စွာ ပြောဆိုလာကြပါပြီ

အမ်မိုရင်း မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာချိန်မှာ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်နေကြတဲ့ သရဲနီဟောင်း ကြယ်ပွင့်တွေ အားလုံး မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်ခဲ့ကြတာပါ။

လက်ရှိ အချိန်မှာတော့ ရွိုင်ကိန်း၊ ဖာဒီနန်၊ နဗီး၊ ပေါစခိုးလ် စတဲ့ သရဲနီကြယ်ပွင့်ကြီး လေးယောက်လုံးကတော့ အမ်မိုရင်းကို စိတ်ပျက်နေကြပြီး ပေါ်တူဂီသား ကိုင်မှ အသင်းရဲ့ အခြေခံ အချို့တောင် ပြိုလဲလာတာကို အခုလို ထောက်ပြလာကြပြီ ဖြစ်ပါတယ်။

ရွိုင်ကိန်း – လက်စတာနဲ့ အက်ဖ်အေပွဲပြီး သုံးသပ်စကား

ကျွန်တော် လုံးဝ နားမလည်နိုင်တာက အသင်းကြည့်ရတာ အားအင်ကုန်ခမ်းနေတဲ့ ပုံ ပေါက်နေတာပဲ။ ကျွန်တော်တို့က နည်းစနစ်တွေ ဗျူဟာတွေ အကြောင်းသာ ပြောနေကြတယ်၊ ဒါတွေ ကစားဖို့က အင်ပြည့် အားပြည့်နဲ့ ကစားမှ ရတာလေ။ အခြေခံ အကျဆုံးကတော့ အားသွန်ခွန်စိုက် ကစားဖို့ပဲ။ ဘယ်လို system နဲ့ ကစားတယ်ပဲ ပြောပြော အားမစိုက်နိုင်ရင် ဘယ်ပြိုင်ဘက်နား ကပ်နိုင်မှာလဲ။

ရီယို ဖာဒီနန် – စပါးနဲ့ ပွဲပြီး သုံးသပ်စကား

လာမယ့်ပွဲတွေ ထဲမှာ ယူနိုက်တက် အမှတ် ရနိုင်ခြေ ရှိတာ ဆိုလို့ … ကျွန်တော် အနိုင်ရမယ် မပြောဘူးနော်၊ အမှတ်ရမယ်ပဲ ပြောတာ.. အဲဒါကလက်စတာနဲ့ ပွဲပဲ။ ဒီရာသီ ကျွန်တော်တို့ လက်စတာနဲ့ အကြိမ်ရေ တချို့ တွေ့ပြီးပြီ၊ ရလဒ်ကောင်းတွေ ရထားတော့ သူတို့ အနေအထားကိုတော့ သိနေပြီ ပြောရမယ်။

ပေါစခိုးလ် – လက်စတာနဲ့ အက်ဖ်အေပွဲပြီး သုံးသပ်စကား

နည်းပြရဲ့ စနစ်နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ တောင်းဆိုခဲ့ကြတာက ဘယ်စွန် ခံစစ်သမား တစ်ယောက်။ သူတို့ ဒေါ်ဂူ ကို ဝယ်ပေးတယ်။ ကျွန်တော် နားမလည်တာက သူ့ကို ပွဲဦးထွက်မှာ ညာစွန်ခံစစ်က သုံးချလိုက်တာပဲ.. ဘာတွေ ဖြစ်နေကြတာလဲ။ အသင်းမှာ စိတ်ပူစရာ ကိစ္စတွေကတော့ ရှိနေပြီ။

ဂယ်ရီနဗီးလ် – စပါးနဲ့ ပွဲပြီး သုံးသပ်စကား

ကွင်းလယ် ဗဟိုက ကစားသမား နှစ်ဦးကြား အကွာအဝေးကိုသာ ကြည့်တော့ဗျာ.. ယူနိုက်တက်က အကုန် လွဲနေတော့တာပဲ။ ဖာနန်ဒက်စ်က ဘယ်ရောက်ပြီး ကာဆီမီရိုက ဘယ်ရောက်နေတာလဲ။ သူတို့ ဘောလုံး စည်းမျဉ်းတွေ အကုန် ချိုးဖျက်နေတော့တာ။ လုံးဝ ရူးနှမ်းချက်ပဲ။ အသင်းရဲ့ ဖွဲ့စည်းပုံကိုက စုတ်ပြတ်နေတော့တာ။ ဒါမျိုးက U-9 အသင်းမှာတောင် မတွေ့ရဘူး။