Breaking: နည်းပြ အမ်မိုရင် ကို ယူနိုက်တက် ထုတ်ပယ်ဖို့ စီစဉ်နေပြီ သတင်းထွက်ပေါ်လာ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ အမ်မိုရင်ကို ရာထူးမှ ထုတ်ပယ်ဖို့ စဉ်းစားနေပြီ ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

အားကိုးတကြီးအသင်းထံ ခေါ်ယူခဲ့တဲ့ အမ်မိုရင်ဟာ ယူနိုက်တက် အသင်းထံ စရောက်ကတည်းက လောက်လောက်လားလား စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးပါဘူး။

ရလဒ်ပိုင်းမှာလည်း နည်းပြဟောင်း တန်ဟတ် ထက် ပိုမိုဆိုးရွားတဲ့ မှတ်တမ်းတွေ စိုက်ထူနေတာကြောင့် အသင်းပိုင်ရှင်တွေက စိတ်ပူနေကြပါတယ်။

ဒါ့အပြင် အသင်းရဲ့ လက်ရှိ အနေအထားကလည်း ရာသီကုန် တန်းဆင်းသွားနိုင်လောက်တဲ့ အလားအလာတွေလည်း မြင်တွေ့နေရပြန်ပါတယ်။

ဒါကြောင့် အသင်းပိုင်ရှင်တွေက ရာသီကုန်အထိ အမ်မိုရင်လက်ထဲ အသင်းကို ဆက်လက်အပ်နှံဖို့ စိတ် စနိုးစနှောင့် ဖြစ်နေကြပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းများအရ မန်ယူအသင်းဟာ ဇီဒန်း၊ ပိုချက်တီနို စတဲ့ နည်းပြတွေအပြင် အဂ်လန် နည်းပြ တူချယ်ကိုတောင် ခန့်အပ်ဖို့ စီစဉ်နေပြီး အမ်မိုရင်ကို နဂိုစီစဉ်ထားသလို ရာသီကုန်အထိတောင် အခွင့်အရေး မပေးတော့ဖို့ ဖိအားပေးခံရမှုတွေ ရှိနေပါတယ်။