လာလီဂါမှာ အမ်ဘာပေနဲ့ပါ အပြိုင်ကြဲနေပြီ ဖြစ်တဲ့ ယူနိုက်တက် ရဲ့ အငှားချ တိုက်စစ်မှုး အန်တိုနီ

မန်ချက်စတာ ယူနိုက်တက်မှ ရီးရဲလ် ဘက်တစ်သို့ အငှားဖြင့် လာရောက်ကစားနေတဲ့ အန်တိုနီဟာ ဘက်တစ်သို့ ပြောင်းလာပြီး ပထမလမှာဘဲ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ လာလီဂါ တစ်လတာ အကောင်းဆုံး ကစားသမားဆု ရဖို့ ရေပန်းစားနေပါပြီ။

အန်တိုနီဟာ ဒီဆုအတွက် ရီးရဲလ် နာမည်ကျော် တိုက်စစ်မှုး ကိုင်လီယန် အမ်ဘာပေနဲ့ ယှဉ်ပြိုင်လာပါတယ်။

အန်တိုနီဟာ ဇန်နဝါရီ အပြောင်းအရွှေဈေးကွက်တွင် ယူနိုက်တက်မှ ဘက်တစ်သို့ အငှားဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။

သူဟာ ဘက်တစ်အတွက် ပထမဆုံးကစားတဲ့ပွဲမှာ အသင်းရဲ့အဖွင့်ဂိုး ရရှိအောင် အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။

သူဟာ ဘက်တစ်သို့ ရောက်လာပြီးနောက် ကလပ်သစ်အတွက် ၃ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးထားပါတယ်။

အန်တိုနီဟာ ဖေဖော်ဝါရီလတွင် ခြေစွမ်းပြကစားနိုင်ပြီးနောက် ဖေဖော်ဝါရီလအတွက် လာလီဂါတစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။

သူဟာ ယင်းဆုအတွက် ရီးရဲလ်မက်ဒရစ်စူပါစတား ကိုင်လီယန် အမ်ဘာပေ၊ ဘာစီလိုနာ ကွင်းလယ်ကစားသမား ပီဒရို၊ ဘီလ်ဘာအိုရဲ့ အိုဟန်ဆန်ဆက်၊ အိုဆာဆူနာရဲ့ အန်တီဘူဒီမာတို့နှင့် လာလီဂါ တစ်လတာ အကောင်းဆုံး ဆုအတွက် ယှဉ်ပြိုင်ရပါမယ်။

အမ်ဘာပေ ဟာ ဖေဖော်ဝါရီလတွင် ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲ ၃ ပွဲကစားထားရာမှာ အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီချေပဂိုးအပါအဝင် ၂ ဂိုးသွင်းထားပါတယ်။

ပီဒရိုဟာ ယခုလ ဘာစီလိုနာရဲ့လာလီဂါပွဲ ၃ ပွဲလုံး ပါဝင်ကစားထားကာ ၁ ကြိမ်ဖန်တီးပေးထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီထားပါတယ်။

ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ အန်တိုနီဟာ ယနေ့ည ဂျန့်နှင့် ယူရိုပါကွန်ဖရင့်လိဂ်ပလေးအော့ဖ် ဒုတိယ အကျော့ပွဲစဉ်မှာလည်း ဘက်တစ်တောင်ပံတိုက်စစ်ကို ဦးဆောင်လာပါဦးမယ်။

သူဟာ ပထမအကျော့တုန်းက ဂျန့်ကို အဝေးကွင်းမှာ ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲတုန်းက ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။