ယူနိုက်တက်မှာ ထင်ထားတာထက် ဖိအားတွေ များစွာ ဝင်နေတဲ့ ကစားသမား အကြောင်း ရှမိုက်ကယ် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက် ရဲ့ ဆောင်းဈေးကွက် ခေါ်ယူမှု ဖြစ်တဲ့ ပက်ထရစ် ဒေါ်ဂူ ဟာ ဖိအားတွေ ဘယ်လောက် များများတောင် ရှိနေလဲ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က သုံးသပ် ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘယ်တောင်ပံ ခံစစ် နေရာ အားဖြည့်ဖို့ ပြီးခဲ့တဲ့လကမှ ဒေါ်ဂူကို ခေါ်ယူခဲ့တာပါ။ ယူနိုက်တက်သို့ ရောက်လာပြီး ၅ ရက် အကြာမှာပဲ ဒေါ်ဂူက အသင်းသစ်နဲ့ အတူ ပွဲဦးထွက် အဖြစ် လက်စတာနဲ့ အက်ဖ်အေပွဲမှာ ၄၅ မိနစ်တာ ဝင်ကစားခဲ့ပါတယ်။

ဒေါ်ဂူ ရဲ့ မိနစ် ၉ဝ ပြည့် ဝင်ကစားတဲ့ ပွဲကတော့ စပါးနဲ့ ပွဲ ဖြစ်ခဲ့ပြီး စိတ်ပျက်ဖွယ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ယူနိုက်တက် ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်ကတော့ ယူနိုက်တက်ရဲ့ ဒိန်းမတ်သား နောက်ခံလူနဲ့ ပတ်သတ်ပြီး အခုလို ဆိုခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက် လို အသင်းကို ပြောင်းလာတယ် ဆိုတည်းက စိန်ခေါ်မှုကြီးပဲ။ ဒုက္ခတွေ များနေတဲ့ ကလပ်အသင်းလေ။ ၁၉၃ဝ လောက်တည်းက စလို့ သူတို့ အခုထိ အကြပ်တည်းကြီး မတွေ့ဖူးခဲ့ဘူး လို့ ကျွန်တော် ထင်တယ်။

အမ်မိုရင်း က ဒီကလပ် အသင်း ရောက်လာပြီး ခေါ်ယူလိုက်တဲ့ တစ်ဦးတည်းသော အဓိက ကစားသမားကလည်း ပက်ထရစ် ဒေါ်ဂူ ဖြစ်နေတယ်။ ဒီတော့ သူ့ အပေါ်မှာ ဖိအားတွေက များတယ်။ သူ ကစားတာ ကောင်းတယ်လို့ ကျွန်တော်တော့ မြင်တယ်။

ပထမပွဲမှာ သူ ၄၅ မိနစ်ပဲ ကစားခဲ့တယ်။ အမ်မိုရင်းနဲ့ အသင်း အကြောင်း နည်းနည်း သိသွားမှာပေါ့။ သူ့ ကို ကြည့်လိုက်ရင် အမြဲတမ်းေ ဘာလုံး လက်ခံယူဖို့ အသင့် ဖြစ်နေတယ်၊ ရွေ့လျားနေတယ်။ လန်းဆန်းတဲ့ ပုံစံနဲ့ ခံစစ် ကစားတာလည်း ကောင်းပါတယ်။ ” လို့ ရှမိုက်ကယ် က သုံးသပ် အားပေးခဲ့တာ ဖြစ်ပါတယ်။