ခရစ်ဆက်တန် ရဲ့ အဲဗာတန် Vs မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ဘယ်လိုဖြစ်မလဲ သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်က အဲဗာတန် – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အမှတ်ပေးဇယားမှာ အဲဗာတန်က မန်ချက်စတာ ယူနိုက်တက် အထက်မှာ ရှိပါတယ်။ ဒီပွဲကိုလည်း သူတို့က နိုင်ဖို့ ရေပန်းစားတဲ့ အသင်းပါ။

ဒဏ်ရ ရထားတဲ့ Iliman Ndiaye မပါနိုင်တာကတော့ အဲဗာတန် အတွက် ထိုးနှက်မှုကြီးပါ။ ဒါပေမယ့် နည်းပြ မိုယက်စ်ရဲ့ လက်အောက်မှာ ဘန်တို တိုးတက်လာတာက မယုံနိုင်စရာ ဖြစ်ပြီး ဒီပွဲမှာ သူက ဂိုးပေါက် ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။

ဒီပွဲက အတော်တော့ အကြိတ်အနယ် ရှိမယ် ထင်တယ်။ ပြီးခဲ့တဲ့အပတ် တော့တင်ဟမ် စပါးနဲ့ ပွဲမှာက ယူနိုက်တက် စွမ်းဆောင်ရည်ဟာ အများပြောသလောက်ကြီး မဆိုးပါဘူး။

အစောပိုင်း အခွင့်အရေးကောင်းတွေ ရခဲ့တာကို သူတို့ ရယူနိုင်ခဲ့သင့်တယ်။ ဒီပွဲမှာလည်း ဂိုးအခွင့်အရေးကောင်းတွေ ရဦးမယ် လို့ ကျွန်တော် ခံစားမိနေတယ်။ ဒီပွဲကတော့ ကျွန်တော့် အတွက် ၁-၁ သရေ လို့ အာရုံရနေတယ်။

ယူနိုက်တက် နည်းပြ အမ်မိုရင်း အတွက်လည်း ဂွတ်ဒီဆင်ပါ့ခ်ကနေ တစ်ခုခု ရသွားဖို့ အရေးကြီးနေတယ်။ ဒီရာသီ သူ့ အသင်း အဆုံးသတ်က သူ့အတွက်လည်း အရေးပါပါတယ်။

ဘယ်လိုပဲ ပြောပြော ယူနိုက်တက်က တန်းဆင်းရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမ်မိုရင်း အနေနဲ့ ရလဒ်ကောင်း တချို့ ရယူပြီး နောက်ရာသီ အသင်း တည်ဆောက်ဖို့ အားယူရမှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ် ကတော့ အဲဗာတန် ၁-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်၊ ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။