ရိုးမားမှာ မဟန်တဲ့ မော်ရင်ဟို ပရီးမီးယားလိဂ် ထံ အံ့အားသင့်ဖွယ် ပြန်လာဖွယ် ရှိနေ

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချယ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါး အသင်းနည်းပြဟောင်း မော်ရင်ဟို ဟာ ပရီးမီးယားလိဂ်ထံ နည်းပြ အဖြစ် အံအားသင့်ဖွယ် ပြန်လာဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဗာတန် အသင်းဟာ နည်းပြ ဘင်နီတက်စ် နေရာမှာ မော်ရင်ဟို ကို အစားထိုးခန့်အပ်ဖို့ ပစ်မှတ် ထားနေတာ ဖြစ်ပါတယ်။ ချယ်ဆီးနဲ့ ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်ရထားပြီး မန်ချက်စတာယူနိုက်တက်နဲ့ ယူရိုပါလိဂ် ရယူထားတဲ့ မော်ရင်ဟို ဟာ အခုရာသီကမှ ရိုးမား အသင်းကို စတင် ကိုင်တွယ်နေတာပါ။

ဒါပေမယ့် မော်ရင်ဟို နဲ့ ရိုးမား အသင်းတို့ဟာ အနည်းငယ် အက်ကြောင်းတွေရှိနေပြီလို့ သိရပါတယ်။ မော်ရင်ဟို ဟာ ရိုးမားအသင်းရဲ့ အခြေအနေကို မကျေမနပ်ဖြစ်ပြီး စီးရီးအေ အသင်းရဲ့တာဝန်ရှိသူတွေကို ညည်းညူနေပါတယ်။

အဲ့ဒါကြောင့် မော်ရင်ဟို ဟာ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တဲ့ အခွင့်အရေးရှိနေပြီး ဒါကို အဲဗာတန် အသင်းက ပေးနိုင်ဖွယ် ရှိနေတာပါ။

ဒေးလီးမေးလ် သတင်း အဆိုအရ ကတော့ အဲ‌ဗာတန် အသင်းဟာ နည်းပြ ဘင်နီတက်စ် ကို ရာထူးက ထုတ်ပယ် ခဲ့မယ် ဆိုရင် မော်ရင်ဟို ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားတယ်လို့ ဖော်ပြထားပါတယ်။

အဲဗာတန် အသင်းဟာ ကြားရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ် အသင်းကို ဂိုးပြတ် ရှုံးထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဗာတန် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၁ဝ)ပွဲမှာ (၇)ပွဲ အရေးနိမ့်ထားပြီး (၂)ပွဲ သရေကျတဲ့ အထိ ရလဒ်တွေဆိုးရွားနေခဲ့တာပါ။

အဲဗာတန် အသင်းပိုင်ရှင်ကလည်း ရလဒ်တွေမတိုးတက်ဘူးဆိုရင် ဘင်နီတက်စ် ကို ထုတ်ပယ်မယ်လို့ လေသံ ပစ်ထားပါတယ်။ ဘင်နီတက်စ် နေရာ အစားထိုး လာဖို့ကတော့ မော်ရင်ဟို က ရေပန်းအစားဆုံး ဖြစ်လာနေတာပါ။

မော်ရင်ဟိုကလည်း လွန်ခဲ့တဲ့ (၁၇)လအကြာကမှ စပါး အသင်းကနေ ထုတ်ပယ် ခံထားရတာ ဖြစ်ပါတယ်။ အဲဗာတန် အသင်းဟာ မနက်ဖြန် မနက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် အာဆင်နယ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ZG

ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္တဲ့ ခ်ယ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စပါး အသင္းနည္းျပေဟာင္း ေမာ္ရင္ဟို ဟာ ပရီးမီးယားလိဂ္ထံ နည္းျပ အျဖစ္ အံအားသင့္ဖြယ္ ျပန္လာဖို႔ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

အဲဗာတန္ အသင္းဟာ နည္းျပ ဘင္နီတက္စ္ ေနရာမွာ ေမာ္ရင္ဟို ကို အစားထိုးခန႔္အပ္ဖို႔ ပစ္မွတ္ ထားေနတာ ျဖစ္ပါတယ္။ ခ်ယ္ဆီးနဲ႔ ပရီးမီးယားလိဂ္ဖလား(၃)ႀကိမ္ရထားၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယူ႐ိုပါလိဂ္ ရယူထားတဲ့ ေမာ္ရင္ဟို ဟာ အခုရာသီကမွ ႐ိုးမား အသင္းကို စတင္ ကိုင္တြယ္ေနတာပါ။

ဒါေပမယ့္ ေမာ္ရင္ဟို နဲ႔ ႐ိုးမား အသင္းတို႔ဟာ အနည္းငယ္ အက္ေၾကာင္းေတြရွိေနၿပီလို႔ သိရပါတယ္။ ေမာ္ရင္ဟို ဟာ ႐ိုးမားအသင္းရဲ႕ အေျခအေနကို မေက်မနပ္ျဖစ္ၿပီး စီးရီးေအ အသင္းရဲ႕တာဝန္ရွိသူေတြကို ညည္းညဴေနပါတယ္။

အဲ့ဒါေၾကာင့္ ေမာ္ရင္ဟို ဟာ ပရီးမီးယားလိဂ္ကို ျပန္လာႏိုင္တဲ့ အခြင့္အေရးရွိေနၿပီး ဒါကို အဲဗာတန္ အသင္းက ေပးႏိုင္ဖြယ္ ရွိေနတာပါ။

ေဒးလီးေမးလ္ သတင္း အဆိုအရ ကေတာ့ အဲ‌ဗာတန္ အသင္းဟာ နည္းျပ ဘင္နီတက္စ္ ကို ရာထူးက ထုတ္ပယ္ ခဲ့မယ္ ဆိုရင္ ေမာ္ရင္ဟို ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ လ်ာထားတယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဗာတန္ အသင္းဟာ ၾကားရက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ လီဗာပူးလ္ အသင္းကို ဂိုးျပတ္ ရံႈးထားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဗာတန္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၁ဝ)ပြဲမွာ (၇)ပြဲ အေရးနိမ့္ထားၿပီး (၂)ပြဲ သေရက်တဲ့ အထိ ရလဒ္ေတြဆိုး႐ြားေနခဲ့တာပါ။

အဲဗာတန္ အသင္းပိုင္ရွင္ကလည္း ရလဒ္ေတြမတိုးတက္ဘူးဆိုရင္ ဘင္နီတက္စ္ ကို ထုတ္ပယ္မယ္လို႔ ေလသံ ပစ္ထားပါတယ္။ ဘင္နီတက္စ္ ေနရာ အစားထိုး လာဖို႔ကေတာ့ ေမာ္ရင္ဟို က ေရပန္းအစားဆုံး ျဖစ္လာေနတာပါ။

ေမာ္ရင္ဟိုကလည္း လြန္ခဲ့တဲ့ (၁၇)လအၾကာကမွ စပါး အသင္းကေန ထုတ္ပယ္ ခံထားရတာ ျဖစ္ပါတယ္။ အဲဗာတန္ အသင္းဟာ မနက္ျဖန္ မနက္ပိုင္းမွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ အျဖစ္ အာဆင္နယ္ အသင္းကို အိမ္ကြင္းမွာ လက္ခံ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။