ယူနိုက်တက်နဲ့ ပွဲမှာ ပင်နယ်တီ ပေးပြီးမှ ပြန်ရုပ်သိမ်းတဲ့ ဒိုင်ကို ဒေးဗစ်မိုယက်စ် ပြောပြီ
အဲဗာတန်နည်းပြ ဒေးဗစ်မိုယက်စ် က ယူနိုက်တက်နှင့်ပွဲတွင် ပင်နယ်တီရရှိပြီးမှ ငြင်းပယ်ခြင်းခံရပြီးနောက် ပင်နယ်တီ ဆုံးဖြတ်ချက်တွင် VAR မပါဝင်သင့်ကြောင်း ပြောကြားလာပါတယ်။
အဲဗာတန်ဟာ မနေ့ညတုန်းက ဂူဒီဆင်ပါ့ခ်တွင် မန်ချက်စတာ ယူနိုက်တက်နှင့် ၂ ဂိုးစီသရေကျခဲ့ပါတယ်။
ဒါပေမဲ့ ၎င်းတို့ဟာ နာကျင်အချိန်ပိုတွင် အက်ရှ်လေယန်း ဧရိယာအတွင်း ဆွဲလဲခြင်းခံရပြီးနောက် ဒိုင်လူကြီးအင်ဒရူးမက်ဒလေရဲ့ ပင်နယ်တီပေးခြင်းခံရပါတယ်။
အနှေးပြကွက်အရ အက်ရှ်လေယန်းကို မားသီးယပ်စ်ဒီလက်က အင်္ကျီဆွဲခဲ့တာ တွေ့ရပြီး ဟယ်ရီမက်ဂွိုင်းယားကလည်း အနီးတွင် ရှိနေတာ တွေ့ရပါတယ်။
ဒါပေမဲ့ ဒိုင်လူကြီးမက်ဒလေဟာ VAR ရဲ့ အကြံပေးမှုကြောင့် ကွင်းဘေး မော်နီတာတွင် ကြည့်ရှုစစ်ဆေးပြီးနောက် ဆုံးဖြတ်ချက်ပြန်ပြောင်းကာ ပင်နယ်တီမပေးခဲ့ပါဘူး။
ဒေးဗစ်မိုယက်စ်က “တကယ်လို့ မရှင်းလင်းဘူးဆိုရင် စခရင်ကို သူသွားကြည့်သင့်တယ်။ ဒါပေမဲ့ အင်္ကျီဆွဲလိုက်တော့ သွားကြည့်သင့်လို့ မထင်ဘူး။ ဒိုင်လူကြီးဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ထင်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်မှာပဲ ရှိနေသင့်တယ်။
ဘောလုံးပွဲကို ကြည့်နေတဲ့သူတွေအားလုံးဟာ ဒိုင်လူကြီးက ‘ငါလုပ်ခဲ့တဲ့အတိုင်း ငါမနေဘူး’လို့ ပြောနေတာ ကြည့်နေရတယ်။ အားလုံး မှားသွင်းတယ်လို့ ပြောတာ ခံရတယ်”လို့ ပြောကြားသွားပါတယ်။
အဲဗာတန်ဟာ မနေ့ညကပွဲတွင် ဘီတို၊ ဒူကော်ရီတို့ရဲ့ပထမပိုင်းဂိုးဖြင့် ပွဲကို ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ချေပဂိုး၊ မန်နူရယ်အူဂတ်တီရဲ့ ကလပ်အတွက် ပထမဆုံးသွင်းဂိုးတို့ဖြင့် ချေပဂိုး ရရှိသွားပါတယ်။