ဒီည ကန်မယ့် မန်ချက်စတာ ယူနိုက်တက် – အစ်ဆွစ်ချ် ပွဲစဉ် အတွက် ပေါမာဆန်ကြီး ပွဲကြို ခန့်မှန်းချက် ထုတ်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီညမှာ ပရီးမီးယားလိဂ် ပွဲ အဖြစ် အစ်ဆွစ်ချ် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် ဆရာကြီး ဂန်းနားဟောင်းကြီး ပေါမာဆန်က ယူနိုက်တက် – အစ်ဆွစ်ချ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” မန်ချက်စတာ ယူနိုက်တက် က အဲဗာတန်နဲ့ ပွဲမှာ အတော် ခြေညံ့ခဲ့ပြီး ကံကောင်းလို့သာ သရေ တစ်မှတ် ရခဲ့တာပါ။ လဲကျသွားတာကသာ အက်ရှ်လေယန်းသာ မဟုတ်ရင် ပင်နယ်တီ ရမှာပါ။ သူ ဒိုင်ဗင်ပစ်လွန်းလို့ ဒိုင် ဆုံးဖြတ်ချက်တွေက အမြဲ ဆန့်ကျင်သွားတော့တာ။
ဂျို့စ် မော်ရင်ညိုက သူ့ နည်းပြဘဝမှာ အကြီးမားဆုံး အောင်မြင်မှုက မန်ချက်စတာယူနိုက်တက်ကို ဒုတိယ ရအောင် လုပ်ပေးခဲ့တာပဲ လို့ ပြောဖူးတယ်။ အခုတော့ သူပြောတာ ဟုတ်သားပဲ လို့ တွေးမိလာပြီ။ ဒီ အသင်းက အတော် ကို ညံ့နေတာပါ။
ဒီပွဲက ယူနိုက်တက် နိုင်တော့ နိုင်မယ် လို့ ကျွန်တော် ခံစားမိနေတယ်။ အစ်ဆွစ်ချ်က ဒီပွဲကနေ အမှတ် တစ်ခုခု ရသွားမယ် ဆိုရင်လည်း အံ့သြစရာတော့ မဟုတ်ဘူး။ ” လို့ မာဆန်က သုံးသပ်ခဲ့ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ အစ်ဆွစ်ချ် တောင်း ဖြစ်ပါတယ်။
ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ ဒီည မြန်မာစံတော်ချိန် ၂ နာရီ အချိန် ဖြစ်ပါတယ်။