ညက အနီကတ် ထိသွားတဲ့ ပက်ထရစ်ဒေါ်ဂူ ယူနိုက်တက်ရဲ့ ဘယ်ပွဲစဉ်တွေ လွဲချော်မလဲ
မန်ချက်စတာ ယူနိုက်တက် အသင်းသား ပက်ထရစ်ဒေါ်ဂူ ဟာ ညက အစ္စဝှစ်ချ်နှင့်ပွဲတွင် ဆိုးရွားလှတဲ့ ဖျက်ထုတ်မှုအတွက် အနီကတ်ပြသခြင်းခံရပြီးနောက် ၃ ပွဲပယ်ခံလာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်နောက်ခံလူဟာ အစ္စဝှစ်ချ်ရဲ့ အိုမာရီဟတ်ချင်ဆင်အား ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်မှုအတွက် အနီကတ်ပြသခြင်းခံခဲ့ရတာပါ။
သူဟာ ပထမပိုင်းပြီးခါနီးတွင် ဟတ်ချင်ဆင်အား ခြေထောက်ကျိုးသွားနိုင်တဲ့အထိ ဖြစ်သွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာပါ။
ယင်းအဖြစ်အပျက်ကို ဒိုင်လူကြီးဒါရင်းအင်္ဂလန်က အသေအချာ မမြင်လိုက်မှုကြောင့် VAR ရဲ့ ညွှန်ကြားမှုဖြင့် ကွင်းဘေး မော်နီတာတွင် စစ်ဆေးပြီးနောက် တိုက်ရိုက်အနီကတ်ပြသခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက ပွဲတွင် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမဲ့လည်း အစ္စဝှစ်ချ်ကို ၃-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဒေါ်ဂူဟာ ၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယူနိုက်တက်ရဲ့ ဖူလ်ဟမ်(အက်ဖ်အေဖလား)၊ အာဆင်နယ် (ပရီးမီးယားလိဂ်)၊ လက်စတာ(ပရီးမီးယားလိဂ်)ပွဲစဉ်တို့အား လွဲချော်လာတော့မှာ ဖြစ်ပါတယ်။