အမ်မိုရင်း လက်ထက် ယူနိုကတက်ကို အားမရ ဖြစ်နေပြီး ကစားသမား ၄ ဦးကတော့ ဘယ်လိုမှ အံမဝင်ကြောင်း ပြောလာတဲ့ ဖာဒီနန်
မန်ချက်စတာ ယူနိုက်တက်ဟာ အစ်ဝစ်ချ်ကို တစ်ယောက်လျော့နဲ့ ရင်ဆိုင် ကစားခဲ့ရပေမယ့် ၃-၂ နဲ့ နိုင်အောင် ကစားခဲ့ပေမယ့် သရဲနီဟောင်းကြီး ရီယို ဖာဒီနန် ကတေ စိတ်ကျေနပ်မှုတွေ မရှိလှပါဘူး။
ရီယို ဖာဒီနန် က ” ကျွန်တော်တို့ ရက်ရက်စက်စက်ကြီးကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ထုတ်ပြောရမယ် ဆိုရင် ကျွန်တော်တို့ မျှော်လင့်ထားသလို အသင်းက တိုးတက် ပြောင်းလဲလာမှု မရှိသေးပါဘူး။
သူ ရဲ့ ယခင်ကလပ် စပို့တင်းမှာ ယူထားတဲ့ အောင်မြင်မှုတွေကြောင့် ‘ ဝိုး .. ငါတို့တော့ ငယ်ရွယ်တဲ့ မန်နေဂျာ တစ်ယောက်ကို ရလိုက်ပြီ၊ တကယ့် အခွင့်ရေးကောင်း ရလိုက်တာပဲ။’ လို့ တွေးပြီး မျှော်လင့်ထားခဲ့တာ။ ” လို့ ဖာဒီနန်က ဆိုပါတယ်။
ဒါ့အပြင် အိုးထရက်ဖို့ဒ်မှာ အမ်မိုရင်း နည်းစနစ်တွေနဲ့ အတူ အစွမ်းပြဖို့ ယူနိုက်တက် ကစားသမား ၄ ဦးက ဘယ်လိုမှ မလိုက်နိုင်ဘူးလို့ ရီယို ဖာဒီနန်က ထောက်ပြခဲ့ပါတယ်။
” ဇက်ဇီး၊ ဒီလစ်၊ မက်ဂွဲရား၊ ဟွိုင်လန်း တို့က သူတို့ ပုံစံ သူတို့ မပြနိုင်ဘူး။ အမ်မိုရင်း အနေနဲ့ ဒီ ကစားသမားတွေရဲ့ လုပ်နိုင်စွမ်းကို သေချာ ဆန်းစစ်ဖို့ လိုမယ်။
သူ ထည့်ချင်တဲ့ နည်းစနစ် အကွက်တင် မဟုတ်ဘူး၊ ကစားသမားတွေ ဘာလုပ်နိုင်သလဲ ဆိုတာရယ် ကြံ့ခိုင်မှုပိုင်းကလည်း အရေးကြီးတယ်။ ” လို့ ဖာဒီနန်က သုံးသပ် ထောက်ပြခဲ့တာပါ။
ဒီ ကစားသမား ၄ ယောက်ဟာ အမ်မိုရင်း ခေါ်ယူခဲ့သူတွေ မဟုတ်ပေမယ့် ၎င်းတို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၃၂ သန်း ထိ ယူနိုက်တက်က အကုန်အကျခံ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။