လီဝန်ဒေါစကီးလို သူ့လက်အောက် အတိုးတက်ဆုံး လီဗာပူးအသင်းသားကို ဖော်ထုတ်လိုက်တဲ့ ကလော့ပ်
လီဗာပူးနည်းပြ ကလော့ပ်က သူ့ရဲ့ နည်းပြဘဝ တိုးတက်မှုအရှိဆုံး ကစားသမားအကြောင်း ပြောရာမှာ လက်ရှိ လီဗာပူးအသင်းမှ ကစားသမားတစ်ဦးကိုလည်း ထည့်သွင်းခဲ့ပါတယ်။
လက်ရှိ ဘိုင်ယန်မြူးနစ် တိုက်စစ်သမား လီဝန်ဒေါစကီးဟာ သူ့ရဲ့ နည်းပြဘဝ အတိုးတက်ဆုံး ကစားသမားဖြစ်ခဲ့တယ်လို့ ကလော့ပ်က ဆိုပါတယ်။ သူတို့ နှစ်ဦးဟာ ဒေါ့မွန်မှာ လက်တွဲခဲ့ပြီး ဘွန်ဒက်လီဂါဖလားကို ကိုင်မြောက်နိုင်ခဲ့ကြသေးတာပါ။
ကလော့ပ်က ” ကျနော်ရဲ့ ဦးဆောင်မှုအောက်မှာ အကြီးမားဆုံး တိုးတက်လာတဲ့သူအကြောင်း မေးကြပြီဆိုရင် လီဝန်ဒေါစကီးလို့ ဖြေလေ့ရှိပါတယ်။ အဲ့တာက မှန်ပါတယ် ဒါပေမယ့် နက်ဖီးလစ်ကလည်း မလျော့တဲ့ တိုးတက်မှုတွေနဲ့အတူ ကျနော် လက်အောက်မှာ တိုးတက်လာတဲ့သူတစ်ဦး ဖြစ်ပါတယ်။

နက်ဖီးလစ်ကို ပထမဆုံး မြင်ခဲ့တာကို မှတ်မိပါတယ်။ သူနဲ့ စကားပြောအပြီး သူက ကျနော် အလုပ် တွဲလုပ်ဖူးခဲ့သမျှ သူတွေထဲမှာ စမတ်အကျဆုံး သူတွေထဲက တစ်ယောက်ဖြစ်ခဲ့တယ်။ မလွယ်ကူဘူးလို့ သူ့ကို သတိပေးခဲ့ပေမယ့် သူကတော့ အားလုံးမှာ အတော်လေး တိုးတက်လာခဲ့တယ်။
အခုချိန်မှာ သူက ပွဲထွက်ခွင့်တွေ မရပါဘူး။ ဘဝဆိုတာ တခါတလေတော့ မမျှတပါဘူး။ ကျနော် သူ့ကိုလည်း အပြစ်မတင်ပါဘူး။ ကျနေ်ာတို့ဟာ နက်ဖီးလစ်ကို အမြဲတမ်းတော့ ထိန်းထားလို့ မရပါဘူး။ ဒါက ရှင်းပါတယ်။ ကျနေ်ာတို့ သူ့ကို လိုပါတယ် ပြောရရင် ရာသီဝက်လောက်တော့ သူ့ကို လိုပါတယ်။ ဇန်နဝါရီဈေးကွက်မှာ ဘာဖြစ်လာမလဲ ကြည့်ရမှာပါ။
ဒါပေမယ့်လို့ သူ့ရဲ့ တိုးတက်မှုက အတော်လေး ကောင်းလွန်းပါတယ်။ မနှစ်ကလည်း မြင်ခဲ့ရပြီး နက်ဖီးလစ်က ခံစစ်မှာ ဒီလောက်ကောင်းကောင်းတောင် ကစားနိုင်လားလို့ ဖြစ်ခဲ့ရတာပေါ့။ ပရိသတ်တွေက သူ့ကို ချစ်ပါတယ် ဘာလို့လည်းဆိုတော့ သူ့ရဲ့ ခေါင်းဘောတွေ၊ ခြေထောက်နဲ့ ကစားပုံတွေက သိပ်ကောင်းပါတယ်။
သူက နောက်ကျပြီးမှ ပွဲထွက်ရပေမယ့် တိုးတက်မှုက အံ့မခန်းပါပဲ။ ဘယ်အသင်းမှာမဆို ကျနော်ကတော့ သူ့ကို လက်မှတ်ထိုး ခေါ်ယူမိမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။