ဖူလ်ဟမ်နဲ့ ပွဲမှာ ပင်နယ်တီ လွဲခဲ့ပြီးနောက် မန်ယူ ပရိသ-တ်တွေထံမှ မမျှော်လင့်တဲ့ တုန့်ပြန်မှု ရခဲ့တဲ့ ဇာဇီး

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ညက ဖူလ်ဟမ်နဲ့ အက်ဖ်အေပွဲ ပင်နယ်တီအဆုံးအဖြတ်မှာ ဂျိုရွှာ ဇာဇီးက နောက်ဆုံး ပင်နယ်တီကို လွဲချော်ခဲ့ပြီးနောက် ဒတ်ချ်တိုက်စစ်မှူးရဲ့ နာမည်ကို သီဆိုခဲ့ကြတာကို ကြားခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ လင်ဒီလော့ဖ်ရဲ့ ပင်နယ်တီကို ဘန်း လီနိုက ကာကွယ်နိုင်ခဲ့ပြီးနောက် ဇာဇီးရဲ့ ကန်ချက်ကိုလည်း ထပ်မံကာကွယ်နိုင်ခဲ့ပြီး ဖူလ်ဟမ်တို့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲအစောပိုင်းမှာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ပွဲတုန်းက ဇာဇီးက သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပေမယ့် အရေးအကြီးဆုံးအချိန်မှာ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဇာဇီးဟာ သူ့ရဲ့ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ယူကြုံးမရ ဖြစ်နေခဲ့ပြီး ပရိသတ်တွေကို မျက်နှာ မပြရဲလောက်အောင် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်မှုးကို နည်းပြနဲ့ အသင်းဖော်တွေက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြပြီး မန်ယူနိုက်တက် ပရိသတ်တွေကလည်း အားပေးထောက်ခံမှု ပြသခဲ့ကြတာဖြစ်ပါတယ်။

ဒီဇင်ဘာလတုန်းက နယူးကာဆယ်နဲ့ပွဲမှာ ၃၃ မိနစ်နဲ့တင် လူစားလဲခံခဲ့ရတုန်းက မန်ယူနိုက်တက် ပရိသတ်တွေက အောင်ပွဲခံခဲ့ကြပြီး ဇာဇီးကတော့ ကွင်းထဲက ထွက်ပြီးနောက် ဥမင်လျှောက်လမ်းထဲမှာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီတကြိမ်မှာတော့ မန်ယူနိုက်တက်ပရိသတ်တွေဟာ ပင်နယ်တီ လွဲချော်မှုကြောင့် ယူကြုံးမရဖြစ်နေတဲ့ ဇာဇီးဘက်ကနေ ရပ်တည်ပေးခဲ့ကြတာဖြစ်ပြီး ဒတ်ချ်တ်ုက်စစ်မှူးအတွက် စိတ်သက်သာရာရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။