ကက်စီရဲ့ လစာ တဝက်လောက် ရချင်နေတဲ့ မိုင်နူး အေးဂျင့်များနဲ့ စာချုပ်သစ် ဆွေးနွေးမှု အခြေအနေ
မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ် ကစားသမားကိုဘီမိုင်နူးအား စာချုပ်သစ်ချုပ်ဆိုရေး ပြန်လည် ဆွေးနွေးလာပါတယ်။
တဖက်တွင် ကိုဘီမိုင်နူးရဲ့ အေးဂျင့်များက စာချုပ်သစ်အတွက် လုပ်ခအား လက်ရှိ လုပ်ခ ပေါင် ၂၀၀၀၀ ကနေ အဆများစွာ တိုးမြှင့်တောင်းဆိုလာသလို အပိုဆုကြေးလည်းများစွာ တောင်းဆိုလာပါတယ်။
မိုင်နူးရဲ့ အေးဂျင့်များက အင်္ဂလန်လက်ရွေးစင်ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နှင့် လိုက်ဖက်စွာ လုပ်ခတိုးမြှင့်တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။
မိုင်နူးဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀ သာ ရရှိနေတာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
အေးဂျင့်များက ကိုဘီမိုင်နူးဟာ ယူနိုက်တက်ရဲ့ ကစားဖော်များရဲ့ လုပ်ခမျိုး ရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။
လက်ရှိ ယူနိုက်တက်တွင် လုပ်ခအများဆုံးရ ကစားသမားအဖြစ် ကက်စ်မီရိုက ပေါင် ၃၇၅၀၀၀ ဖြင့် ရပ်တည်နေတာ ဖြစ်ပြီး မိုင်နူးရဲ့အေးဂျင့်များက ဘရာဇီးစတားရဲ့ လုပ်ခတစ်ဝက်မျှ အနည်းဆုံးရသင့်တယ်လို့ ယုံကြည်နေပါတယ်။
တကယ်လို့များ မိုင်နူးသာ ကက်စ်မီရိုရဲ့ လုပ်ခတစ်ဝက် ရရှိလာမည်ဆိုပါက ယူနိုက်တက် လုပ်ခအများဆုံးရကစားသမားစာရင်းတွင် အဆင့် ၈ ချိတ်လာပါမယ်။
ဒါပေမဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းကြောင့် အသုံးစရိတ်ကန့်သတ်ချက် ရှိနေရာ မိုင်နူးအား လုပ်ခတိုးမြှင့်ပေးလာနိုင်ဖို့ မရှိပါဘူး။
တဖက်တွင် ယူနိုက်တက်ဟာ မိုင်နူးမှာ အကယ်ဒမီထွက် ကစားသမားဖြစ်ရာ သူ့အား ရောင်းချရမှုဝင်ငွေအား အမြတ်အဖြစ် သတ်မှတ်ထားနိုင်မှုနှင့်အတူ ရောင်းချရေး စဉ်းစားလာနိုင်ပါတယ်။
တကယ်လို့များ ယူနိုက်တက်ဘက်ကသာ မိုင်နူးအား လုပ်ခတိုးမြှင့် စာချုပ်သစ်မချုပ်နိုင်ပါက ချဲလ်ဆီးက ကြားဝင်ကာ ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ပါတယ်။
ယူနိုက်တက်နည်းပြအေမိုရမ်ဟာ သူ့ရဲ့ ၃-၄-၃ ကစားကွက်တွင် မိုင်နူးအတွက် အကောင်းဆုံးဖြစ်မဲ့ နေရာ ရှာမတွေ့ထားပါဘူး။
အစောပိုင်းတုန်းက သတင်းစာရှင်းလင်းများစွာ အေမိုရမ်ကိုယ်တိုင်က ကလပ်မှာ ကစားသမားသစ်အားဖြည့်ရန် ကစားသမား ရောင်းချရန် လိုအပ်နေမှုနှင့်အတူ ကိုဘီမိုင်နူးအနာဂတ်နှင့်ပတ်သက်ပြီး အာမမခံနိုင်ကြောင်း ပြောဆိုထားပါတယ်။