ယူရိုပါလိဂ် ဖလားထက် ပိုကြီးမားတဲ့ ဆုဖလား၊ အောင်မြင်မှုတွေ ရယူချင်တာ ဆိုတဲ့ နည်းပြ အမိုရင်

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ယခုရာသီ ယူရိုပါလိဂ်ဖလား အောင်မြင်မှုထက် ပိုမိုကြီးမားတဲ့ မျှော်လင့်ချက်ပန်းတိုင်တွေ ထားရှိထားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ယခုရာသီမှာ ယူရိုပါလိဂ်ဖလား တစ်လုံးသာ မျှော်လင့်ချက်ရှိတဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အခြေအနေဆိုးဝါးနေတဲ့ အသင်းဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ရောက်ဖို့တောင် အတော်လေး အင်အားနည်းပါးနေပါတယ်။

အမိုရင်က “ ကျွန်တော်တို့အတွက် ဒီရာသီ ယူရိုပါလိဂ်က အကောင်းဆုံး အောင်မြင်မှု ဖြစ်လာနိုင်မယ်ဆိုပြီး လူတွေ ပြောနေကြပေမယ့် ကျွန်တော်တို့က ပိုကြီးမားတဲ့ အောင်မြင်မှုတွေအတွက် စဉ်းစားထားတာပါ။

အဲ့ဒီလိုပြောလို့ ခင်ဗျားတို့အတွက် ထူးဆန်းနေနိုင်ပေမယ့် ကျွန်တော်တို့က ပိုကြီးမားတဲ့ ဖလားတွေရယူဖို့ အသင်းကို အခုမှ ပြန်လည် တည်ဆောက်နေတဲ့ အနေအထားမျိုးပါ၊

ဖလားတိုင်းကို စိန်ခေါ်နိုင်တဲ့ အနေအထားအထိ ကြိုးစားသွားမှာပါ၊ လောလောဆယ်တော့ အသင်းကို အကောင်းဆုံး ပုံစံရအောင် တည်ဆောက်ဖို့က အဓိက ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ မော်ရင်ဟိုလက်ထက် ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး အဆိုပါ အချိန် အသင်းလူစာရင်းက ယခုလောက် အင်အား မတောင့်တင်းခဲ့သလို ဒဏ်ရာရ ကစားသမားတွေ များပြားခဲ့ပေမယ့် မော်ရင်ဟိုတစ်ယောက် ဖလားရအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။