သူ့ ကစားကွက်က ပြသနာမရှိဘူး၊ တကယ့် ပြသနာက .. ဆိုတဲ့ ယူနိုက်တက် နည်းပြ အမ်မိုရင်း သဘောထား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေ တည်ငြိမ်မှု မရှိသေးတာကြောင့် အသင်း ကစားကွက်ကို ပြောင်းလဲသွားဖို့ ရှိလားဆိုတဲ့ မေးခွန်း ထုတ်ခံခဲ့ရရာမှာ နည်းပြ အမ်မိုရင်းကတော့ ယခင် အတိုင်းပဲ မပြောင်းလဲတဲ့ အဖြေ ပြန်ပေးခဲ့ပါတယ်။

” ကစားကွက်က ပြသနာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပြသနာက ကျွန်တော်တို့ ကစားနေတဲ့ ပုံစံပါ။ ကျွန်တော်တို့မှာ ပြသနာတွေ အများကြီးရှိပြီး ဒါတွေကို ဖြေရှင်းဖို့ လုပ်နေပါတယ်။

ဘယ်နည်းစနစ်မှာမဆို မတူညီတဲ့ စရိုက်လက္ခဏာတွေ လိုအပ်ပါတယ်။ ကျွန်တော် ယုံကြည်မှု ရှိနေပါသေးတယ်။ ကစားကွက်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ” လို့ အမ်မိုရင်းက တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီညမှာ ရီးရဲလ် ဆိုစီဒက်နဲ့ ရင်ဆိုင် ကစားဖို့ ရှိနေပြီး ယူရိုပါလိဂ် ဖလားကလည်း ဦးစားပေး ရည်မှန်းချက် မဟုတ်ကြောင်း နည်းပြ အမ်မိုရင်းက ဆိုထားပါသေးတယ်။

ပေါ်တူဂီသားဟာ ယူနိုက်တက်ကို တာဝန်ယူတာ ၃ လ ကြာလာပြီ ဖြစ်ပေမယ့် သူ့ကစားကွက်ကို စိတ်ကြိုက် ပုံဖော် မရသေးဘဲ ဖြစ်နေပြီး နွေမှာ အပြောင်းအလဲ များစွာ မြင်ရဖွယ် ရှီပါတယ်။