အဝေးကွင်းမှာ ဆိုစီဒက်နဲ့ သရေကျသွားတဲ့ ယူနိုက်တက်၊ ယူရိုပါလိဂ် ကွာတား တက်မလား အိုးထရက်ဖို့ဒ်မှာ အဆုံးအဖြတ် ဖြစ်လာ

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲဆိုဆီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

ယူနိုက်တက်တို့ အဝေးကွင်းမှာ ကစားပုံမဆိုးခဲ့ဘဲ ၁ ဂိုးထက် ပိုရနိုင်ခြေလည်း ရှိခဲ့တာပါ။ အခုပွဲစဉ်တလျှောက်လုံး တစ်ဖက်နဲ့တစ်ဖက် နည်းဗျူဟာပိုင်းအားပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ယှဉ်ပြိုင်မှုတစ်ခုကို မြင်တွေ့ရခဲ့ပါတယ်။

အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်း ဇက်ဇီးရဲ့ ကန်ချက်နဲ့ အတူ ယူနိုက်တက် တို့ အရင် ဦးဆောင်နိုင်ခဲ့တာပါ။

ယူနိုက်တက်တို့ ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ ဘရူနို ဖာနန်ဒက်စ် ရဲ့ လက်ထိမှုကြောင့် ပင်နယ်တီပေးခဲ့ရပြီး ချေပဂိုးခွင့်ပြုခဲ့ရပါတယ်။

ဒါကြောင့် အိုးထရက်ဖို့ဒ်မှာကစားမယ့် ဒုတိယအကျော့ပွဲစဉ်က ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဆီ ဘယ်သူတွေ ခရီးဆက်နိုင်မလဲဆိုတာ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် နဲ့ ယူရိုပါ ကွန်းဖရင့်စ်လိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ် အသင်းတွေထဲက ချဲလ်ဆီးတသင်းသာ အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီး က ကိုပင်ဟေဂင်အသင်းကို ၂-၁ နဲ့ အနိုင်ကစားခဲ့ပြီး စပါးကတော့ တော့တင်ဟမ် ဟော့စပါးအသင်းကတော့ အေဇက် အယ်လ်ခမာ အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။