ဆိုစီဒက်နဲ့ပွဲမှာ ထပ်လုပ်တဲ့ ဂါနာချို ရဲ့ အပြုအမူ က အဆင်မပြေဘူးလို့ ပေါစခိုးလ်ဝေဖ-န် ထောက်ပြ
မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ် အဝေးကွင်းပွဲ အဖြစ် ညက ရီးရဲလ် ဆိုစီဒက်ကို သွားရောက် ရင်ဆိုင် ကစားရာ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။
ထိုပွဲ ဒုတိယပိုင်းမှာ နည်းပြ အမ်မိုရင်းက ဇက်ဇီး၊ ယိုရိုနဲ့ ဂါနာချို တို့ကို လူစားလဲခဲ့ပြီး လူစားလဲခံခဲ့ရကာ အရန်ခုံတန်း လာထိုင်နေချိန်မှာတော့ ယူနိုက်တက် တိုက်စစ်သမား ဂါနာချို ရဲ့ အပြုအမူတွေကတော့ စိတ်ပျက် မကျေနပ်ဟန် အထင်းသား ပြသခဲ့ြ့ပန်ပါတယ်။
ဂါနာချို ဟာ ပြီးခဲ့တဲ့တပတ် အစ်ဆွစ်ချ်နဲ့ ပွဲ လူစားလဲခံခဲ့ရချိန်မှာလည်း ဥမင်ထဲ တန်းပြေးဝင်သွားလို့ နည်းပြနဲ့ ပြောဆို ဖြေရှင်းမှုတွေ လုပ်ကာ အပြစ် အနေနဲ့ တသင်းလုံးကို ညစာ ကျွေးခဲ့ရပါသေးတယ်။ ဒါပေမယ့် ဂါနာချို ရဲ့ အပြုအမူက ပြောင်းလဲနိုင်ဟန် မရှိပါဘူး။
ပေါစခိုးလ်က ” ဂါနာချို ပုံစံကတော့ စိတ်ပျက် မကျေနပ်တဲ့ ပုံလို့ပဲ ကျွနေ်တာ် မြင်ပါတယ်။ သူတို့ ပွဲ ပန်းနေတာလည်း မဟုတ်ဘူး၊ ယူနိုက်တက်မှာက ခြေကို မကောင်းကြတာ။
ဂါနာချို ရဲ့ အကြီးမားဆုံး အားသာချက်က ပြေးလွှားနိုင်တာပဲ။ ဒါပေမယ့် တခါတလေကျ သူက ပြေးရင်း ဆုံးဖြတ်ချက် အမှားတွေ လုပ်တတ်တယ်။ အခု မြင်နေရတာကတော့ သူက စိတ်ပျက် အားကုန်နေတဲ့ ပုံစံမျိုး။ သူ အခုထက် ပို ကောင်းကောင်း လုပ်ပြဖို့ လိုပါတယ်။ ” လို့ သုံးသပ် ထောက်ပြခဲ့ပါတယ်။
အမ်မိုရင်း မန်ချက်စတာ ယူနိုက်တက်ထံ ရောက်လာချိန်မှာ ဂါနာချိုက ချန်လှပ်ခံရသေးပြီး တောင်ပံမှာ အားကိုးနိုင်စရာ အာဂျင်သားပဲ ရှိတာ ဖြစ်လို့ ပြန်လည် နေရာပေးခြင်း ခံရပေမယ့် ကစားသမားရဲ့ Body Language နဲ့ တုန့်ပြန်ပုံတွေက ရေရှည်အတွက်တော့ အဆင်ပြေနိုင်ဖွယ် မရှိပါဘူး။