နည်းပြ အမ်မိုရင်း လက်ထက်မှ တိုးတက်လာတဲ့ ယူနိုက်တက် ကစားသမား တစ်ယောက် ရှိရင် ပြ .. ဆိုတဲ့ မေးခွန်းထုတ်မှု

နည်းပြ ရူဘင် အမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရောက်တည်းက ကစားသမား တစ်ယောက်တောင် တိုးတက်လာအောင် မလုပ်နိုင်သလို မြင်ဖူးသမျှထဲ အဆိုးဆုံး ယူနိုက်တက်အသင်းပါ ဖြစ်နေပြီ လို့ လီဗာပူး နောက်ခံလူ ဂျင်မီ ကာရေဂါကတော့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

စပို့တင်းလစ္စဘွန်းနဲ့ အတူ အောင်မြင်နေပြီး ဥရောပ အကောင်းဆုံး လူငယ် နည်းပြ အဖြစ် သတင်းကောင်း ရှိခဲ့တဲ့ အမ်မိုရင်း ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အဲရစ်တန်ဟက် နေရာ ယူနိုက်တက် နည်းပြ ရာထူးကို ဆက်ခံဲ့တာ ဖြစ်ပါတယ်။

ဒီအပတ် တယ်လီဂရပ်ဖ် အစီအစဉ် သုံးသပ်မှုမှာ ကာရေဂါက ” အခု မြင်နေရတဲ့ ယူနိုက်တက် အသင်းက ကျွန်တော့် ဘဝ တလျောက်လုံး မြင်ဖူးသမျှထဲ အဆိုးဆုံး အသင်း ဖြစ်နေပါတယ်။

အမ်မိုရင်း လက်လွှဲ ယူလိုက်တည်းက ယူနိုက်တက်ဟာ ဖြစ်နိုင်သမျှ အနည်းဆုံးသော တိုးတက်မှုကိုတောင် မမြင်ရဘူး၊ တန်ဟက်နဲ့တုန်းကတောင် ပိုကောင်းခဲ့သလိုပဲ။

နည်းပြရဲ့ နည်းစနစ်တွေကို ယူနိုက်တက် ကစားသမားတွေက မလိုက်နိုင်ဘူး။ တန်ဟက် တုန်းကထက် အမ်မိုရင်း ရောက်လာမှ တိုးတက်လာတဲ့ ကစားသမား တစ်ယောက် ရှိရင် ပြောပြကြပါဦး။

အခုက ကမ္ဘာ့ အကြီးဆုံး ကလပ်အသင်းမှာ ရေနစ်ခံမလား၊ ဆက်ကူးခတ်သွားမလား ရွေးရမယ့် အချိန်ပါပဲ။ အမ်မိုရင်းကတော့ လက်ရှိမှာ ရေတိမ်နစ်နေပါပြီ။ ” လို့ ကာရေဂါက ထောက်ပြ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ညကလည်း ရီးရဲလ်ဆိုစီဒက်နဲ့ ယူရိုပါလိဂ် ပွဲမှာ နိုင်ပွဲ မယူနိုင်ခဲ့ဘဲ ၁-၁ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။