ဒီည မန်ယူ နလန်မထူမှာ စိတ်ပူနေတဲ့ ပေါမာဆန်ရဲ့ အာဆင်နယ်နဲ့ ပွဲကြို ခန့်မှန်းဟောကိန်းထုတ်မှု
ဒီည အိုးထရက်ဖို့ဒ် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ပွဲကြို သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ် ထုတ်ထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်က ” ဒီပွဲစဉ်မျိုး ကို လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကသာ ဆိုရင် ဘယ်လောက်ကောင်းမယ့်ပွဲလဲ။ ဒါပေမယ့် အခုထိလည်း ပရိသတ် အမြင် အရ ဆိုရင် အင်္ဂလိပ် ဘောလုံးလောကမှ ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်နေဆဲပါပဲ။
ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်ကို စိတ်ပူပါတယ်။ ရီးရဲလ် ဆိုစီဒက်နဲ့ ယူရိုပါလိဂ် အဝေးကွင်း ပွဲကနေ ပြန်လာပြီး ဒီပွဲကို သူတို့ အမြန် အာရုံစိုက်ရမှာ။
အာဆင်နယ်သာ ဒီပွဲ မနိုင်ရင်တော့ ကျွန်တော် ရှော့ခ် ရမိမှာပဲ။ သူတို့ ချန်ပီယံလိဂ် ပထမ အကျော့ အဝေးကွင်း ၇-၁ နဲ့ နိုင်လိုက်တာက ကွာတားဖိုင်နယ် ရောက်တာ သေချာသွားခဲ့ပြီးပါပြီ။ ဒီပွဲက ယူနိုက်တက် အတွက်ပဲ အန္တရာယ် များမှာပါ။
အာဆင်နယ် အနေနဲ့က လီဗာပူး ခြေချော်တာ စောင့်ဖို့ ပွဲတိုင်း အနိုင်ကန်သွားရမှာပါ။ သမိုင်းကြောင်း အရ ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ကန်ရတိုင်း ခြေစွမ်းပြတတ်ပါတယ်။ ဒါပေမယ့် ဒီအပတ်တော့ ဒါမျိုးမြင်ရမယ် လို့ ကျွန်တော် မထင်ဘူး။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၃ အာဆင်နယ် ဖြစ်ပါတယ်။
ပွဲကတော့ ဒီည အိုးထရက်ဖို့ဒ်ကွင်းမှာ မြန်မာစံတော်ချိန် ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။