ဝေဖ-န်မှုတွေ ဘယ်လိုပဲ ရှိရှိ ကိုယ့်ပုံစံနဲ့ ကိုယ်ပဲ ကစားမယ် ဆိုတဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ ပြောစကား

မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ကိုယ့်ပုံစံနဲ့ ကိုယ်ပဲ ဆက်ကစားသွားမယ်လို့ ပြောကြားကာ ဝေဖန်မှုများကို တုံ့ပြန်လာပါတယ်။

ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့ညတုန်းက လက်စတာအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ တစ်ပတ်အတွင်း ၅ ဂိုးမြောက်ဂိုးအား သွင်းနိုင်ခဲ့ပါတယ်။

သူဟာ အာဆင်နယ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် ဂိုးသွင်းခဲ့သလို ကြားရက်တုန်းက ဆိုစီဒက်အား ၄-၁ ဖြင့် အနိုင် ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် လက်စတာနှင့်ပွဲမှာ ကိုယ်တိုင်ဂိုးသွင်းခဲ့သလို ၂ ကြိမ်ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ မကြာသေးမီတုန်းက အသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းရဲ့ ဝေဖန်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက ရွိုင်ကိန်းက ဖာနန်ဒက်စ်မှာ လုံလောက်တဲ့ ပါရမီ မရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဖာနန်ဒက်စ်ဟာ ယခုရာသီမှာ ၁၆ ဂိုးသွင်းပြီး ၁၅ ကြိမ်အထိ ဖန်တီးထားနိုင်ပါတယ်။

အသက် ၃၀ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်က “ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဆက်လုပ်သွားမယ်။ ကိုယ့်အကြောင်း မကောင်းကြားရတာကတော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒါက ကိုယ့်ကို တွန်းအားဖြစ်စေတယ်။ လူတွေက ကိုယ့်ဘက်က အများကြီး ပိုကောင်းအောင် လုပ်ရဦးမယ်လို့ မြင်နေကြတယ်။

လူတွေ ပြောတာနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ နားလည်မှု ရှိဖို့ လိုတယ်။ တိုးတက်သည်ပဲ ဖြစ်ဖြစ် မတိုးတက်သည်ပဲ ဖြစ်ဖြစ် ရွိုင်ကိန်းအပေါ်မှာတော့ ကျွန်တော့်ဘက်က ကြီးမားတဲ့ လေးစားသမု ရှိထားပြီးသားပါ။

ကျုပ်ကလည်း လူတိုင်းအကြိုက် မလုပ်နိုင်ပါဘူး။ သူတို့ ပြောသလို မနေနိုင်ပါဘူး။ လူတိုင်းရဲ့အမြင်အပေါ် လေးစားတယ်။ ရွိုင်ကိန်းအပေါ် လေးစားပါတယ်။ လက်လည်း လက်ခံတယ်။ ကျွန်တော့်ပွဲ၊ ကျွန်တော့်ခေါင်းဆောင်မှု၊ တဘဝလုံးလုပ်လာတဲ့အရာတွေ တိုးတက်အောင် လုပ်ရပါမမယ်”လို့ ပြောကြားသွားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယခုရာသီမှာ ဂိုးနှင့် ဖန်တီးမှု ၃၁ ကြိမ်အထိ ပါဝင်ထားကာ မိုဟာမက်ဆာလက် (၅၄)၊ အာလင်းဟာလန်း (၃၃ )ပြီးလျှင် အများဆုံးပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ယူနိုက်တက်သို့ ပြောင်းလာပြီးနောက် ဖန်တီးမှု အကြိမ် ၈၀ အထိ ပြုလုပ်ထားနိုင်ကာ ယင်းကာလအတွင်း ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ကီဗင်ဒီဘရိုင်း(၉၀)ပြီးလျှင် အများဆုံးဖန်တီးထားနိုင်သူအဖြစ် ရပ်တည်နေပါတယ်။