ယူနိုက်တက်ရဲ့ နွေ တိုက်စစ်မှုး ပစ်မှတ်စာရင်း၊ ဟွိုင်လန်း – နာပိုလီနဲ့ မတ်လ အကောင်းဆုံးဆု ဆန်ကာတင်များ စတဲ့ မန်ယူ ထူးခြား သတင်းတိုများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကုန် နွေအပြောင်းအရွှေ့မှာ အထောင် တိုက်စစ်နေရာကို အကောင်းတကာ့ အကောင်းဆုံး တိုက်စစ်မှူးမျိုးကိုမှ ခေါ်ယူပြီး အင်အားဖြည့်သွားမယ်လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ရာမင် ရှက်စ်ကို၊ ဖရန့်ဖတ်တိုက်စစ်မှူး ဟူဂို အီကီတီကီ၊နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်နဲ့ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်တို့ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
တဖက်မှာလည်း မန်ယူအသင်းဟာ လာမယ့်နွေ အသင်းတိုက်စစ်မှူး ဟွိုင်လန်း ကို ရောင်းချဖို့ စတင်ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်းဟာ အသင်းတိုက်စစ်မှူး ဟွိုင်လန်း ကို နာပိုလီ အသင်းထံ ပေါင် ၅၁ သန်းနဲ့ ရောင်းထုတ်ပြီး လေဗာကူဆင် အသင်းတိုက်စစ်မှူး ဘိုနီဖေ့စ်ကို ပြန်လည် ခေါ်ယူဖို့လည်း သတင်းထွက်နေပါတယ်။
ယူနိုက်တက်ရဲ့ မတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ကာတင်စာရင်းမှာ ဘရူနို ဖာနန်ဒက်၊ ဒီလစ် နှင့် ကက်စီမဲရိုတို့ ပါဝင်နေကြပါတယ်။