Transfer: ဆန်ချို၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီး တို့ရဲ့ သုံးပွင့်ဆိုင် အခြေအနေ
March 19, 2025 | | No Comments
ချယ်ဆီးအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ အငှား ခေါ်ထားတဲ့ ဂျေဒန် ဆန်ချို ကို လာမယ့်နွေမှာ အပြီး မခေါ်ယူချင်တော့ပါဘူး။
ဒါကြောင့် အငှားခေါ်စဉ်က ယူနိုက်တက်နဲ့ စာချုပ်ထဲက ပေါင် ၂၅ သန်းတန် သဘောတူညီချက်ကို ဖျက်သိမ်းရန် ချယ်ဆီးအသင်းက နည်းလမ်း ရှာဖွေနေပါတယ်။
ထိုသဘောတူညီချက်ကို ဖျက်သိမ်းပါကလည်း ချယ်ဆီး အနေဖြင့် သိသာထင်ရှားသော လျော်ကြေး ပမာဏကို ပေးဆောင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဘက်ကတော့ ဆန်ချိုကို ပြန်ခေါ်ရန် စိတ်ကူး မရှိသလို လာမယ့်ရာသီ အသင်း အစီအစဉ်များထဲမှာ ဂျေဒန်ဆန်ချို လုံးဝ ပါဝင်ခြင်း မရှိပါဘူး။
အလားတူ ကစားသမားဘက်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လာလိုခြင်း မရှိပါဘူး။
တကယ်လို့ ချယ်ဆီးက သဘောတူညီမှု ဖျက်ကာ ယူနိုက်တက်ထံ ဆန်ချို ပြန်ရောက်လာမယ် ဆိုရင်လည်း အသင်းကတော့ ရအောင် ပြန် ရောင်းထုတ်ဖို့ ကြိုးစားမှာ ဖြစ်တယ် လို့ သိရပါတယ်။