နွေမှာ မန်ချက်စတာ ယူနိုက်တက် အားဖြည့်ဖွယ် ရှိတဲ့ နေရာတွေနဲ့ ပစ်မှတ် ကစားသမားများ
နည်းပြ ရူဘင် အမိုရင်ဟာ သူ့ရဲ့ ပထမဆုံး နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကို ဖြတ်သန်းရတော့မှာဖြစ်ပြီး ၎င်း ပစ်မှတ်တွေထဲမှာ နာမည်ကြီးကစားသမား ၅ ဦး ထိ ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ PSR ကြောင့် သရဲနီတွေအနေနဲ့ လာမယ့်နွေရာသီမှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ဖို့ အကန့်အသတ်ရှိလာနိုင်ပေမယ့် ကစားသမားသစ်ခေါ်ယူမှုအချို့တော့ ပြုလုပ်နိုင်ဦးမယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။
ဂိုးသမားနဲ့ ဗဟိုခံစစ်
အမိုရင်က ဂိုးသမား အိုနာနာ ကိုပဲ ယုံကြည်မှု ဆက်ပေးထားပုံပေါ်ပြီး အခြားနေရာတွေက စိုးရိမ်စရာတွေကြောင့် ဂိုးသမားသစ် ထပ်ခေါ်ဖွယ် မရှိပါဘူး။
အနည်းဆုံး ဗဟိုခံစစ် ကစားသမားတဦး ထပ်ခေါ်မယ် ဆိုရင် ဘုန်းမောက် နောက်ခံလူဒင်း ဟွိုင်ဆန် နဲ့ သတင်းထွက်နေပြီး ၎င်း ရဲ့ အသက်အရွယ်နဲ့ အရည်အချင်းက အံကိုက်နိုင်ပါတယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ်နဲ့ အပြိုင်ခေါ်ယူရနိုင်ပါတယ်။
နောက်ခံ တောင်ပံနဲ့ ကွင်းလယ်
ဒေါ်ဂူက ဘယ်နောက်ခံတောင်ပံနေရာမှာ လျင်လျင်မြန်မြန် အသားကျသွားပါပြီ။ ဒါလော့ကလည်း ညာနောက်ခံ နေရာမျာ အဆင်ပြေနေတာကြောင့် ရှိပြီးသားလူနဲ့ပဲ ဆက်မှေးနေတော့မှာ ဖြစ်ပါတယ်။
ကွင်းလယ်မှာတော့ မိန်းနူးကို ဆက်ရှိနေအောင် စည်းရံုံး နိုင်မလား ရှိပါမယ်။ ဒါပေမယ့် အူဂါတီနဲ့ တွဲကစားဖို့ တွဲဘက်လိုနေပြီး အရင်တုန်းက သတင်းထွက်ခဲ့ဖူးတဲ့ အတ္တလန္တာကြယ်ပွင့် အီဒါဆန်က အဖြေဖြစ်လာနိုင်ပါတယ်။
တိုက်စစ်
လာမယ့်ရာသီ မန်ယူနိုက်တက် တိုက်စစ်ကို ဘယ်သူက ဦးဆောင်မှာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေခဲ့ပြီး သရဲနီတွေရဲ့ တိုက်စစ်ပစ်မှတ် ၅ ဦးထဲမှာ ဗစ်တာ ဂယော်ကီရက်စ်၊ ဒီလက်ပ်၊ ဘန်ဂျမင် ဆက်စ်ကို၊ အက်ခီတိုက်တို့ ပါဝင်နေတာဖြစ်ပါတယ်။
အထူးသဖြင့် နာပိုလီက ဟွိုင်လန်းနဲ့ အိုဆီမန်ကို အလဲအထပ်လုပ်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် မန်ယူနိုက်တက်အတွက် ငွေကုန်ကြေးကျသက်သာနိုင်ပြီး အခြားနေရာအတွက် ငွေသုံးနိုင်စေမှာ ဖြစ်ပါတယ်။ အိုဆီမန်ဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ဒီရာသီ ဂလာတာဆာရေးမှာ အငှားနဲ့ သွားကစားနေရင်းလည်း ဂိုး ၂၀ အထိ သွင်းယူထားတာဖြစ်ပါတယ်။