ယူနိုက်တက်နဲ့ ချယ်ဆီးမှာ မပျော်တဲ့ ဆန်ချိုရဲ့ ပလန်၊ ဘရိုက်တန် တိုက်စစ်ကို ချိန်ခြင်း၊ အသင်းပြောင်းချင်တဲ့ ဘေယင်ဒါနဲ့ မန်ယူ ထူးခြား သတင်းတိုများ

ဘရိုက်တန် တိုက်စစ်သမား ဂျာအို ပီဒရို ကို မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး အာဆင်နယ်၊ ချယ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန် စိတ်ဝင်စားနေကြပါတယ်။ ပီဒရို ကို လီဗာပူးက ဆိုရင် ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း သတင်းထွက်ထားပါတယ်။

ယူနိုက်တက်မှာရော ချယ်ဆီးမှာပါ မပျော်ပိုက်တဲ့ အင်္ဂလန် တိုက်စစ်သမား ဂျေဒန် ဆန်ချို ကတော့ သူ့အသင်းဟောင်း ဒေါ့မွန်ထံ ထပ်မံ ချဉ်းကပ်ကာ ၎င်းကို ခေါ်ယူဖို့ မေးမြန်းနေပါတယ်။

ရာသီကုန်မှာ ရက်ဖို့ဒ်နဲ့ ဆန်ချို တို့ နှစ်ယောက်ကို လက်လွှတ်ရဖွယ် ရှိတဲ့နောက် ယူနိုက်တက် နည်းပြ အမ်မိုရင်းဟာ စပို့တင်း တိုက်စစ်ကြယ်ပွင့် ထရင်ကာအို ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

ယူနိုက်တက် အရန် ဂိုးသမား ဘေယင်ဒါ က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ တူရကီအသင်းနဲ့ ပွဲထွက်ကစားနိုင်ဖို့အတွက် ယူနိုက်တက်အသင်းကနေ ထွက်ခွာလိုတယ်လို့ သိရပါတယ်။

ဘေယင်ဒါ ဟာ အိုနာနာ ရဲ့ နောက်မှာ အရန် ဂိုးသမားအဖြစ်သာ ရှိနေခဲ့ရပြီး အချိန်တော်တော်များများ အရန်ခုံမှာသာရှိနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အမ်မိုရင်း က လည်း ဒီနွေမှာဂိုးသမား အသစ်ခေါ်ယူဖို့စီစဉ်ထားတာကြောင့် ဘေယင်ဒါ တစ်ယောက် ထွက်ခွာဖို့ များနေပါတယ်။

နယူးကာဆယ်ကနေ ပြောင်းလာပြီး ယူနိုက်တက်မှာ ၅ လ သာ ကြာခဲ့တဲ့ အားကစား ဒါရိုက်တာဟောင်း ဒန် အက်ရှ်ဝါ့သ် ဟာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် မှာ နည်းပြတွေ တိုးတက်မှုပိုင်းနဲ့ ပတ်သတ်တဲ့ ရာထူး တစ်ခုကို ရယူဖွယ် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ခံလူ မက်ဂွိုင်းယားကို ရောင်းချလိုနေပြီး ထုံးစံအတိုင်း အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ်ကိုသာ အလိုရှိနေကြပါတယ်။