ကလော့ပ် ခုလို အောင်မြင်နေတာ အာဖရိက ကစားသမားတွေကြောင့်လို့ သတိပေးလိုက်တဲ့ ဆီနီဂေါနည်းပြ
ဆီနီဂေါနည်းပြ အလူးဆစ်ဆီက အာဖရိကဖလားပြိုင်ပွဲကို သေးနုံတဲ့ပြိုင်ပွဲတပွဲအဖြစ် မှတ်ချက်ပေးခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်ကို မကျေမနပ် ဖြစ်နေပြီး အပြင်းအထန် ပြောဆို နေခဲ့ပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးမှာ နာဘီကီတာ၊ မာနေး၊ ဆာလာတို့ကို အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ရမှာဖြစ်ပြီး ဒီအတွက် ကလော့ပ် တယောက် စိတ်ညစ်နေရတာပါ။ အဲ့ဒါကြောင့်လည်း သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က အာဖရိကဖလားပြိုင်ပွဲနဲ့ ပတ်သက်လို့ သေးငယ်တဲ့ ပြိုင်ပွဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ် ကတော့ သူ့ရဲ့ပြောစကားတွေနဲ့ ပတ်သက်လို့ ဒီလိုမျိုး မကောင်းတဲ့ဘက်က ရည်ရွယ်တာမဟုတ်ဘူးလို့ ပြန်လည် ဖြေရှင်းထား ပါသေးတယ်။ ဒါပေမယ့် ဆီနီဂေါနည်းပြ အလူးဆစ်ဆီကတော့ အခဲမကြေနိုင်ဘဲ ကလော့ပ်အား ပြောဆို သတိပေးလိုက်ပါတယ်။
“ကလော့ပ်က သူ့ကိုယ်သူ ဘာထင်နေတာလဲ? ကျနော်က ဆီနီဂေါနည်းပြ။ ကျနော့် ကစားသမားတွေထဲမှာ လီဗာပူးအတွက် ကစားပေးနေတဲ့ ကစားသမားတွေရှိတယ်”
“ကျနော် လီဗာပူးကိုလည်း လေးစားမှုထားပါတယ်။ ဒါပေမယ့် အာဖရိကဖလားကို နှိမ့်ချပြောတဲ့ ကလော့ပ်ကိုတော့ ကျနော် မလေးစားပါဘူး။ သူ ဒီနေ့ ဒီနေရာကို ရောက်နေတာ အာဖရိက ကစားသမားတွေကြောင့်ပါ”
“အခု သူက အာဖရိကဖလားပြိုင်ပွဲကို သေးငယ်တဲ့ပွဲလေးဆိုပြီး လုပ်နေပါတယ်။ အာဖရိကဖလားက ယူရိုပြိုင်ပွဲလိုပဲ (၂၄) သင်း ရှိပါတယ်။ သူ့လို တွေးတဲ့သူရောရှိရဲ့လား?”
“အာဖရိကဖလားပြိုင်ပွဲမှာ သူ့ လီဗာပူးကို တောက်ပအောင် လတ်တလော ကူညီပေးနေတဲ့ ကြယ်ပွင့်ကစားသမားတွေရှိပါတယ်။ ဒီတော့ အာဖရိကဖလားပြိုင်ပွဲက ယူရိုပြိုင်ပွဲနဲ့ အဆင့်အတန်းချင်း အတူတူပါပဲ” လို့ အလူးဆစ်ဆီက ပြောကြားသွားခဲ့ပါတယ်။

ZG
ဆီနီေဂါနည္းျပ အလူးဆစ္ဆီက အာဖရိကဖလားၿပိဳင္ပြဲကို ေသးႏုံတဲ့ၿပိဳင္ပြဲတပြဲအျဖစ္ မွတ္ခ်က္ေပးခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္ကို မေက်မနပ္ ျဖစ္ေနျပီး အျပင္းအထန္ ေျပာဆို ေနခဲ့ပါတယ္။
ကေလာ့ပ္ရဲ႕ လီဗာပူးမွာ နာဘီကီတာ၊ မာေနး၊ ဆာလာတို႔ကို အာဖရိကဖလားၿပိဳင္ပြဲအတြက္ ေစလႊတ္ရမွာျဖစ္ၿပီး ဒီအတြက္ ကေလာ့ပ္ တေယာက္ စိတ္ညစ္ေနရတာပါ။ အဲ့ဒါေၾကာင့္လည္း သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က အာဖရိကဖလားၿပိဳင္ပြဲနဲ႔ ပတ္သက္လို႔ ေသးငယ္တဲ့ ၿပိဳင္ပြဲ ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။
ကေလာ့ပ္ ကေတာ့ သူ႔ရဲ႕ေျပာစကားေတြနဲ႔ ပတ္သက္လို႔ ဒီလိုမ်ိဳး မေကာင္းတဲ့ဘက္က ရည္႐ြယ္တာမဟုတ္ဘူးလို႔ ျပန္လည္ ေျဖရွင္းထား ပါေသးတယ္။ ဒါေပမယ့္ ဆီနီေဂါနည္းျပ အလူးဆစ္ဆီကေတာ့ အခဲမေၾကနိုင္ဘဲ ကေလာ့ပ္အား ေျပာဆို သတိေပးလိုက္ပါတယ္။
“ကေလာ့ပ္က သူ႔ကိုယ္သူ ဘာထင္ေနတာလဲ? က်ေနာ္က ဆီနီေဂါနည္းျပ။ က်ေနာ့္ ကစားသမားေတြထဲမွာ လီဗာပူးအတြက္ ကစားေပးေနတဲ့ ကစားသမားေတြရွိတယ္”
“က်ေနာ္ လီဗာပူးကိုလည္း ေလးစားမႈထားပါတယ္။ ဒါေပမယ့္ အာဖရိကဖလားကို ႏွိမ့္ခ်ေျပာတဲ့ ကေလာ့ပ္ကိုေတာ့ က်ေနာ္ မေလးစားပါဘူး။ သူ ဒီေန႔ ဒီေနရာကို ေရာက္ေနတာ အာဖရိက ကစားသမားေတြေၾကာင့္ပါ”
“အခု သူက အာဖရိကဖလားၿပိဳင္ပြဲကို ေသးငယ္တဲ့ပြဲေလးဆိုၿပီး လုပ္ေနပါတယ္။ အာဖရိကဖလားက ယူ႐ိုၿပိဳင္ပြဲလိုပဲ (၂၄) သင္း ရွိပါတယ္။ သူ႔လို ေတြးတဲ့သူေရာရွိရဲ႕လား?”
“အာဖရိကဖလားၿပိဳင္ပြဲမွာ သူ႔ လီဗာပူးကို ေတာက္ပေအာင္ လတ္တေလာ ကူညီေပးေနတဲ့ ၾကယ္ပြင့္ကစားသမားေတြရွိပါတယ္။ ဒီေတာ့ အာဖရိကဖလားၿပိဳင္ပြဲက ယူ႐ိုၿပိဳင္ပြဲနဲ႔ အဆင့္အတန္းခ်င္း အတူတူပါပဲ” လို႔ အလူးဆစ္ဆီက ေျပာၾကားသြားခဲ့ပါတယ္။